ယာ​ဘ​ဆေးပြား ဒေါ်လာ ၃​သန်း​ဖိုး ထိုင်း​မှာ​ဖမ်းမိ

  • 26 ဧပြီ 2015
yaba_drug
Image caption WY အမှတ်အသားပါ ဝဒေသက ထုတ်တဲ့ စိတ်ကြွဆေးတွေ ဖြစ်တယ်လို့ ထိုင်းစစ်တပ်က ပြော။

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ ဘက်ခြမ်း မဲဆောက် မြို့ သောင်ရင်းမြစ် နံဘေး မှာ ဧပြီလ ၂၅ ရက်နေ့ က စိတ်ကြွ ယာဘဆေးပြား အလုံးရေ ၉ သိန်း နီးပါး တန်ဖိုး အားဖြင့် အမေရိကန် ဒေါ်လာ ၃ သန်းကျော်ဖိုး ကို ထိုင်းစစ်တပ် က ဖမ်းဆီး ရမိပါ တယ်။

သင်္ကြန် ကာလ အတွင်း စိတ်ကြွ ဆေးပြား တွေ နယ်စပ် ဖြတ်ကျော် သယ်ယူ နေတယ် ဆိုတဲ့ သတင်းတွေ ကို ထိုင်း-မြန်မာ အာဏာပိုင် တွေ နှစ်ဘက် အပြန်အလှန် ဖလှယ် ခဲ့ရာက အခုလို ဖမ်းမိခဲ့တာ ဖြစ်တယ် လို့ ထိုင်း နရေဆွမ် တပ်မမှူး ဗိုလ်ချုပ် နုပ်ဖွန် ရေယန်ကျန် က ပြောပါတယ်။

ဆေးပြားတွေ ရရှိခဲ့ တဲ့ နေအိမ် က လူ ၂ ဦး ဟာ သေနတ်နဲ့ ခုခံ ပစ်ခတ်ပြီး မြန်မာ ဘက်ခြမ်း ကို ထွက်ပြေး သွားခဲ့တယ် လို့လည်း နရေဆွမ် တပ်မမှူး က ဆိုပါတယ်။

အဲဒီ့ အိမ်ကို မြန်မာ နိုင်ငံသား တွေ ကို ငှားထား တာ ဖြစ်တယ် လို့ အိမ်ရှင် က ထွက်ဆိုကြောင်း လည်း ဗိုလ်ချုပ် နုပ်ဖွန် ရေယန်ကျန် က ပြောပါတယ်။

ဆေးပြား တွေ ဟာ WY အမှတ်အသား ပါ ဝဒေသ က ထုတ်လုပ်တဲ့ စိတ်ကြွဆေး တွေ ဖြစ်ပြီး၊ အခုလို မြဝတီ-မဲဆောက် လမ်းကြောင်း ပေါ် ဘယ်လိုနည်း နဲ့ ဝင်ရောက် လာသလဲ ဆိုတာ ကို မြန်မာ အာဏာပိုင် တွေ နဲ့ ပူးပေါင်း ဖော်ထုတ်မယ် လို့ ထိုင်း ဘက်ခြမ်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ