နီပေါမြေငလျင် အတွက် မြန်မာကြက်ခြေနီ ကူညီမယ်

ဓာတ်ပုံ မူပိုင် EPA
Image caption ပုံစံ ၂ မျိုး ကူညီ နိုင်တယ်လို့ ကြက်ခြေနီ အသင်း ညွှန်ကြားရေးမှူး ဦးမောင်မောင်ခင် ပြောကြား

နီပေါ နိုင်ငံက သဘာဝ ကပ်ဘေးကြီး ဖြစ်တဲ့ မြေငလျင် ဒဏ်ခံ ခဲ့ရသူတွေ အတွက် ကူညီ ကယ်ဆယ်ရေး လုပ်ငန်း တွေမှာ နိုင်ငံ တကာနဲ့ အတူ မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်း ကလည်း ပါဝင်ဖို့ ပြင်ဆင် နေပြီ ဖြစ်ပါတယ်။

ကူညီ ပေးမယ့် ပုံစံ ကတော့ ၂ မျိုး ဖြစ်နိုင် တယ်လို့ မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်း ဘေးဒုက္ခ စီမံ ခန့်ခွဲရေး ဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ခင် က ဘီဘီစီကို ပြောပါတယ်။

ပထမ အနေနဲ့ ကတော့ Regional Disaster Response Team ဆိုတဲ့ ဒေသတွင်း ကပ်ဘေး ဆိုင်ရာ တုံ့ပြန် ကူညီ ဆောင်ရွက်ရေး အသင်းနဲ့ ပူးပေါင်း ပြီး ဆောင်ရွက် ဖို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အခုလို တခြား နိုင်ငံက အဖွဲ့တွေ နဲ့ ပူးတွဲ သွားရောက်မှာ ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ကတော့ လိုအပ်တဲ့ အခြေ အနေပေါ် မူတည်ပြီး လုပ်ကိုင် ဆောင်ရွက် နိုင်မယ့် သူ ၂ ယောက် လောက် စေလွှတ်ဖို့ စီစဉ် ထားတယ်လို့ ဆိုပါတယ်။

နောက်တခု ကတော့ စေတနာ ရှင်တွေ ဆီကနေ အလှူငွေတွေ ကောက်ခံပြီး ထောက်ပံ့မယ့် ပုံစံမျိုး အကြမ်းဖျဉ်း စီစဉ် ထားတယ်လို့ ဆိုပါတယ်။

ဒါကလည်း ပစ္စည်း ပစ္စယ တွေ ပို့ဖို့ အတွက် အခက်အခဲ ရှိတာကြောင့် ငွေကြေး အကူအညီ ဖြစ်နိုင် တယ်လို့ ဦးမောင်မောင်ခင် က ပြောပါတယ်။

အင်္ဂါနေ့ ပြုလုပ်မယ့် အစည်း အဝေး ကျရင် ဘာတွေ လုပ်မယ် ဆိုတာ အတိအကျ သိရမယ် လို့လည်း သူက ပြောကြား သွားခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ