ရခိုင် တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရ

  • 28 ဧပြီ 2015
rakhine
Image caption ဒုက္ခသည် တွေ အတွက် ရိက္ခာတွေကို ထောက်ပံ့

ရခိုင် ပြည်နယ် ကျောက်တော် မြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားရာ နေရာ က ဒေသခံ တွေကို ဖမ်းဆီး စစ်ဆေးမှုတွေ ရှိနေတဲ့အတွက် စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

အခု မြန်မာ တပ်မတော်နဲ့ ရက္ခိုင့် တပ်မတော် အကြား တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီးနောက် ဒီအပတ် အတွင်း မှာ ကျောက်တော်မြို့နယ် ဝဲကြီးထောင့် လင်းစင် ရွာသစ်က အသက် ၁၃ နှစ်နဲ့ ၅ဝ အကြား ဒေသခံအများအပြားကို စစ်တပ် က ရက္ခိုင့် တပ်မတော် ကို အားပေးတယ် ဆိုပြီး ဖမ်းဆီး စစ်ဆေး မှုတွေ ရှိခဲ့တယ် လို့ သိရပါတယ်။

အခု စစ်ဆေးတဲ့ နေရာမှာ ညှဉ်းပန်း နှိပ်စက်မှု တွေ ရှိခဲ့တဲ့ အတွက် ဒေသခံတွေ အနေနဲ့ အထူး စိုးရိမ်မှုတွေ ရှိနေကြတယ် လို့ ပြောပါတယ်။

အင်္ဂါနေ့က အဲဒီ ဒေသ ကို ရိက္ခာတွေ သွားရောက် လှူဒါန်း ခဲ့တဲ့ ကျောက်တော် မြို့နယ် လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ ကတော့ ဝဲကြီးထောင့် ကျေးရွာမှာ ဖမ်းဆီး ထိန်းသိမ်း ခံထား ရတဲ့ ဒေသခံ ၁၁ ဦးနဲ့ တွေ့ဆုံခွင့် ရခဲ့တယ်လို့ ပြောပါတယ်။

အခု လို ဒေသတွင်း မှာ စစ်တပ်က ဖမ်းဆီး စစ်ဆေးမှု တွေ ရှိနေပေမယ့် တခြား တဘက် မှာတော့ ကူညီ ထောက်ပံ့မှု ကို ဟန့်တား ထားရာ ကနေ စစ်ပြေးရှောင် ဒုက္ခသည် တွေ အတွက် လိုအပ် နေတဲ့ ရိက္ခာတွေကို ထောက်ပံ့ ကူညီ နိုင်အောင် ဒေသ အတွင်း လူမှု အဖွဲအစည်းတွေ ကို တော့ အဲဒီဒေသ အတွင်း ကို ဝင်ခွင့်ပြု လိုက်ပြီ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင် လာတဲ့ ဒုက္ခသည် က ၄ဝဝ ကျော် ရှိနေပြီး လက်ရှိ အချိန်မှာ တော့ စပါးဆိပ် ကျေးရွာမှာ နေရာချ ပေးထားတယ်လို့ သိရပါတယ်။

ဒေသ အခြေအနေ တည်ငြိမ်တဲ့ အခြေအနေ မျိုးကို ပြန်မရောက် သေးတဲ့ အတွက် ဒေသခံ အများအပြား ကတော့ သူတို့ရဲ့ နေအိမ်တွေကို မပြန်လိုသေးဘူး လို့လည်း သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ