အာရှ မှာ လူမှောင်ခို လုပ်ငန်း ကြီးထွားနေ

  • 28 ဧပြီ 2015
trafficking human ဓာတ်ပုံ မူပိုင် AFP
Image caption အမျိုးသမီး ငယ်တွေ လူကုန်ကူးခံနေရ

အာရှ ဒေသမှာ ရွှေ့ပြောင်း အခြေချ သူတွေကို လူမှောင်ခို လုပ်ကြတဲ့ ရာဇဝတ် ဂိုဏ်းတွေဟာ အင်မတင် ကြီးမားလာနေပြီး နှစ်စဉ် ဒေါ်လာ သန်း ၂ ထောင် ဖိုး တောင် ရှိနေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှု ဆိုင်ရာရုံး UNODC က အစီရင်ခံစာ တစောင် ထုတ်ပြန် လိုက်ပါတယ်။

လူမှောင်ခို ခံရသူတွေဟာလည်း အသက် ဆုံးရှုံးတဲ့ အထိ အန္တရာယ် ရင်ဆိုင်ကြရပြီး အကြမ်းဖက်ခံရမှု၊ မတရား ခိုင်းစေခံရမှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ရှိနေတယ်လို့ ဆိုပါတယ်။

ဒီလို ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး အာရှမှာ ဘယ်နိုင်ငံတွေက အဆိုးဆုံး ဖြစ်နေသလဲ ဆိုတာက စလို့ UNODC အာရှနဲ့ ပစိဖိတ်ဒေသ ပြောခွင့် ရသူ Ainsley Stinson ကို မေးကြည့်တော့

ဒီ အစီရင်ခံစာ က နိုင်ငံနဲ့ ဒေသ ၂၈ ခုကို အခြေခံပြီး ထုတ်ပြန်တာ ဖြစ်ပြီး အရှေ့အာရှ၊ တောင်အာရှ၊ အရှေ့တောင် အာရှ နဲ့ အနောက်တောင် အာရှ ဒေသ တွေကို အဓိက ထား လေ့လာကြည့် တာပါ။ ဥပမာအနေနဲ့ အရှေ့တောင်အာရှ ဒေသ အကြောင်း ပြောမယ် ဆိုရင်တော့ အဓိက ဆိုးဆိုးဝါးဝါး ခံနေ ရတဲ့ နိုင်ငံတွေ ကတော့ ကမ္ဘောဒီယား မြန်မာနဲ့ လော နိုင်ငံတွေ ဖြစ်ပါတယ်။ အဲဒိကနေ ထိုင်းကို လူ ကုန်ကူး နေကြတာပါ။

မေး။ လူကုန်ကူးမှုဟာ ဘယ်လို ပုံစံမျိုးတွေ ဖြစ်နေတာ လဲ။

ဒါကတော့ တကယ့်ကို ရှုပ်ထွေးပါတယ်။ အထူးသဖြင့် အခုလို အာရှမှာ ဖြစ်နေတဲ့ အခြေအနေတွေ အပေါ် ယေဘုယျ ခြုံငုံ ပြောလို့ မရပါဘူး။ ဒါပေမယ့်လို့ အဓိက ကျတဲ့ ပုံစံတွေကို တော့ တွေ့ရတာ ရှိပါတယ်။

အလွန်တရာမှ အန္တရာယ် ကြီးတဲ့ ပုံစံမျိုးတွေနဲ့ လူကုန်ကူး ခံနေရ တာမျိုးကိုတွေ့ရပါတယ်။ အဲဒါကတော့ ပင်လယ်ပြင် ကနေ ဝင်ရောက်လာတာမျိုးတွေ ပါတယ်။

တချို့ကျတော့ ကွန်ရက် တွေနဲ့ လုပ်တာ ရှိသလို တချို့လည်း တယောက်ချင်း လုပ်ဆောင် နေတာ မျိုးတွေ ရှိပါတယ်။ သူတို့ တတွေ ဟာ စီးပွားရေး အခွင့်အလမ်း တွေကြောင့် အခုလို လူကုန်ကူး ခံရတာ မျိုးလည်းရှိပါတယ်။

မေး။ နောက်ပြီး အာရှမှာ အခုလို လူကုန်ကူးမှု လုပ်ငန်း လည်ပတ်နေတဲ့ ငွေကြေးဟာ ပမာဏ အားဖြင့် တနှစ်ကို ဒေါ်လာ သန်း ၂ဝဝဝ ဆိုတော့ ဘယ်လို လုပ်ပြီး ပြောနိုင် တာလဲ ။

ကျွန်မ တို့က လူကုန်ကူး ခံရသူတွေ ပေးရတဲ့ ပမဏကို စုံစမ်း ထောက်လှမ်း သူတွေ ဆီက အခြေခံပြီး တွက်ချက်တာ ဖြစ်သလို သက်ဆိုင်ရာ အစိုးရ အာဏာပိုင် တွေက ဖေါ်ပြ ပေးထားတဲ့ အချက်အလက် တွေနဲ့ လည်း တိုင်းတာ တွက်ချက် ထားတာ ဖြစ်ပါတယ်။

မေး။ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး ဗမာပြည်ရဲ့ အခြေ အနေ ကို ပြောမယ် ဆိုရင်ရော ဘယ်လို ပြောနိုင်မလဲ ။

မြန်မာနိုင်ငံ ကတော့ အဓိက အားဖြင့် လူကုန်ကူး ခံရသူတွေ ထွက်လာကြတဲ့ နိုင်ငံ တခုဖြစ်ပါတယ်။ သူတို့ အဓိက သွားကြတဲ့ နိုင်ငံ တချို့ ကတော့ ထိုင်း မလေးရှား၊ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံတွေ ဖြစ်ကြ ပါတယ်။ တရုတ် နိုင်ငံကို လည်း မြန်မာနိုင်ငံက အမျိုးသမီး ငယ်တွေ လူကုန်ကူး ခံနေရာတွေ ရှိနေပါတယ်။

မေး။ ဒါဆိုရင် အာရှ ဒေသ မှာ ဖြစ်နေတဲ့ ဒီလူကုန်ကူးမှု ကို ဘယ်လို ဖြေရှင်း နိုင်မယ်လို့ ယူဆလဲ။

နိုင်ငံတွေ အနေနဲ့ လူကုန်ကူးမှု ကာကွယ် တားဆီးရေး ဥပဒေနဲ့ မူဝါဒရေးရာ အပိုင်း ကို အားကောင်းအောင် လုပ်ဖို့၊ နောက်ပြီး နယ်ခြား ဖြတ်ကျော် တာတွေ ကို ထိန်းချုပ်ဖို့ အတွက် နိုင်ငံ အချင်းချင်း အကြား ပူးပေါင်း ဆောင်ရွက်ဖို့ တွေ လုပ်ဖို့ လိုအပ် ပါတယ်။ ဒါက အင်မတန် အရေးကြီးတဲ့ အချက် တခုပါ။ နောက်ပြီး နယ်ခြား လူကုန်ကူးတဲ့ ကွန်ရက် တွေကို အသေအချာ စုံစမ်း ဖေါ်ထုတ်ပြီး အရေးယူ ဆောင်ရွက် ဖို့ လိုအပ် ပါတယ်။ ရွှေ့ပြောင်း ဝင်ရောက် လိုသူတွေ အတွက် သင့်တော်တဲ့ ရန်ပုံငွေ တခု တည်ထောင်ပြီး သူတို့ အတွက် ဆောင်ရွက် ပေးတာ မျိုး၊ ရွှေ့ပြောင်း ဝင်ရောက်ခြင်း ဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်တဲ့ အခြေခံ ဗဟုသုတု တွေကိုလည်း ပေးဖို့လိုအပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ