မေ​ဒေး​နေ့ အလုပ်​သမား ချီ​တက်​ပွဲ လုပ်မယ်

  • 30 ဧပြီ 2015
master_sport_workers_ ဓာတ်ပုံ မူပိုင် AP
Image caption အလုပ်ရှင်တွေဘက်က တစ်နေ့ကို ၁၅၀၀ သာ ပေးလို နေပါတယ်။

နိုင်ငံတကာ အလုပ်သမားများ နေ့ မေဒေးနဲ့ တိုင်ဆိုင်ပြီး ရန်ကုန် စက်မှုဇုံ လုပ်သား တွေလည်း အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေး အပါအဝင် အလုပ်သမား အခွင့်အရေး တွေ အတွက် ချီတက် တောင်းဆို ကြ ဖို့ စီစဉ်ထား ပါတယ်။

ဗဟန်း ဗိုလ်စိန်မှန် ကွင်း ကနေ တာမွေ ကျိုက္ကဆံ ထိ ချီတက်ခွင့် ရထားတယ် လို့ လှိုင်သာယာ စက်မှုဇုံ က အခြေခံ အလုပ်သမား အဖွဲ့အစည်း ဥက္ကဌ မလှလှ က ဘီဘီစီ ကို ပြောပါတယ်။

အလုပ်သမား အင်အား ၂ ထောင်ကျော် ချီတက်ခွင့် တောင်းခံရာ မှာ ရဲက လူအင်အား ၅၀၀ ကိုသာ ခွင့်ပြု ခဲ့ပြီး ဟောပြောခွင့် မပေးဘူး လို့လည်း မလှလှ က ပြောပါတယ်။

ပုဂ္ဂလိကပိုင် စက်ရုံ လုပ်သား တွေ အတွက် တနေ့ကို လုပ်ခ ၅၆၀၀ ကျပ် သတ်မှတ် ပေးဖို့ အဓိက တောင်း ဆိုကြမှာ ဖြစ်ပါတယ်။

အထည်ချုပ် လုပ်ငန်းရှင် တွေ တော်တော် များများ က တနေ့ကို ၁၅၀၀ ကျပ် သာ ပေးနိုင် ကြောင်း ပြောနေကြ တယ်လို့ မလှလှ က ဆိုပါတယ်။

အလုပ်သမား ဝန်ကြီး ဌာန က ဦး စီးပြီး ကောက်ခံ ခဲ့တဲ့ အခြေခံ လူနေမှု စရိတ် စစ်တမ်း တွေ အရတော့ ရန်ကုန် လို မြို့ကြီး တွေ မှာ လူတယောက် ဟာ တနေ့ ကျပ် ၃၅ဝဝ ဝန်းကျင် ကုန်ကျ နိုင်တယ် လို့ သုံးသပ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ