ရခိုင်​သင်္ဘော​မှောက်​မှု​ကြောင့် အစိုးရ​ဝန်​ထမ်း​တွေ အရေးယူ​ခံ​ရ

_rakhine_ferry_capsize ဓာတ်ပုံ မူပိုင် AFP
Image caption အောင်တံခွန် ၃ နစ်မြုပ်ခဲ့မှု အတွက် ပြည်တွင်းရေကြောင်း ဌာနက မြို့နယ် အဆင့်အရာရှိတွေ အရေးယူခံရ။

ရခိုင်ပြည်နယ်မှာ မတ်လ အတွင်းက ဖြစ်ပျက် ခဲ့တဲ့ အောင်တံခွန် (၃) သင်္ဘော နစ်မြုပ်မှု နဲ့ ပတ်သက်ပြီး တာဝန်ရှိသူ ဝန်ထမ်း ၁၇ ဦးကို အပြစ်ပေး အရေးယူ လိုက် ပါတယ်။

ဒီလို အရေးယူရာ မှာ အလုပ်က ထုတ်ပယ် တာ တွေ ရှိသလို တချို့ကိုလည်း အတင်း ဖိအားပေး နူတ်ထွက် စေတာတွေ ရှိတယ် လို့ ဝန်ထမ်း အသိုင်းအဝိုင်း က လာတဲ့ သတင်း တွေ က ဆိုပါတယ်။

တာဝန်က ရပ်ဆိုင်း ခံရသူတွေ ထဲမှာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဌာန က ကျောက်ဖြူမြို့နယ် မန်နေဂျာ ဦးသန့်ကျော် နဲ့ တောင်ကုတ်မြို့နယ် မန်နေဂျာ ဦးထွန်းအေးတို့ အပါအဝင် မြို့နယ် အဆင့် အရာရှိတွေ ပါဝင် ပါတယ်။ အဲဒီ သင်္ဘော နစ်မြုပ်မှု မှာ လူပေါင်း ၇၀ နီးပါး သေဆုံး ခဲ့ရ တယ် လို့ ရခိုင်ပြည်နယ် အစိုးရ က ထုတ်ပြန်ပေမယ့် ဒေသခံ တွေ ကတော့ သေဆုံး သူ ၁၆၀ နီးပါး လောက် ရှိတယ် လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ