ရက္ခိုင့်တပ်နဲ့ ဆက်စပ် ဖမ်းဆီးနေ

rakhine
Image caption တိုက်ပွဲ ဖြစ်ရာ ဒေသတွေကို အကူအညီတွေ ပေးခဲ့

ရက္ခိုင့် တပ်မတော် နဲ့ ဆက်သွယ် တဲ့ သံသယနဲ့ ဖမ်းဆီးထားသူ ၁၇ ဦး ကို ကျောက်တော် မြို့နယ် တရားရုံး မှာ ရမန် ယူခဲ့ တယ် လို့ သိရ ပါတယ်။

မင်းပြား၊ ကျောက်တော်၊ ရသေ့တောင် အပါအဝင် ရခိုင် ပြည်နယ် အနှံ့အပြား က ဖမ်းဆီးခံ ထားရ သူ ၁၇ ဦး ကို ကျောက်တော် မြို့နယ် တရားရုံး မှာ တနင်္လာ နေ့က ရမန်ယူ ခဲ့ပါတယ်။

ခုလို ရမန်ယူ ခဲ့တာ ကို ကျောက်တော် မြို့နယ် ရဲစခန်းမှူး က အတည်ပြု ပြောကြား ပါတယ်။ တပ်ကနေ ရမန် ယူတာ ဖြစ်တဲ့ အတွက် အဖမ်းခံ ရတဲ့သူတွေရဲ့ အခြေအနေ အသေးစိတ် ကို တော့ ပြောပြလို့ မရသေးဘူး လို့ ရဲစခန်းမှူး က ပြောပါတယ်။

မြန်မာ့ တပ်မတော် နဲ့ ရက္ခိုင့် တပ်မတော် အကြား တိုက်ပွဲ ဖြစ်ပွား ရာ စပါးဆိပ် ဒေသ အတွင်း ရွာတွေက ဖမ်းဆီး ထားတဲ့ သူတွေ အထဲ က လူပေါင်း တဒါဇင် ကျော် ကို တော့ ပြန်လည် လွှတ်ပေး လိုက်တယ် လို့ သိရ ပါတယ်။

စစ်တပ် လက်ထဲမှာ ဖမ်းထားသူ ၃ ယောက် ကျန်သေးပြီး လမ်းတွေ ပြန်ဖွင့်ထားတယ် လို့ အဲဒီဒေသ ကို ကိုယ်တိုင် သွားရောက်ပြီး အကူအညီ တွေ ပေးခဲ့တဲ့ ကျောက်တော် မြို့နယ် အမျိုးသမီး ကွန်ရက် ဥက္ကဋ္ဌ ဒေါ်လှမေ က ပြောပါတယ်။

အခု အချိန်မှာ တော့ တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိတော့ ပေမယ့် တောင်တောင် တွေကို မှီခို လုပ်ကိုင်စားသောက်နေရတဲ့ ရွာသားတွေကို တောတောင်တွေကို တက်ခွင့် ပိတ်ပင် ထားတုန်း ဖြစ်တဲ့ အတွက် စားဝတ်နေရေး ကတော့ အခက်အခဲ ဖြစ်နေ ကြတုန်း လို့ သိရ ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ