ရွေးကောက်ပွဲ သတင်း ဆိုင်ရာ လမ်းညွှန် ထုတ်ပြန်

ဓာတ်ပုံ မူပိုင် AFP
Image caption သတင်း သမား ကျင့်ဝတ် ဆိုင်ရာ ဆောင်ရန် ရှောင်ရန် အချက် အလက် တွေ ပါဝင်

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး မြန်မာ သတင်း သမားများ အတွက် ရွေးကောက်ပွဲ သတင်း ရေးသား ခြင်း ဆိုင်ရာ လမ်းညွှန် ကို မြန်မာ စာနယ်ဇင်း ကောင်စီ (ယာယီ)က ထုတ်ပြန် လိုက် ပါတယ်။

အဲဒီ အထဲမှာ သတင်း သမား ကျင့်ဝတ် ဆိုင်ရာ ဆောင်ရန် ရှောင်ရန် အချက် အလက် တွေနဲ့ မဲဆန္ဒရှင် တွေ အတွက် ပညာ ပေးတဲ့ အပိုင်း လည်း ပါဝင် ပါတယ်။

ဒါပေမယ့် လည်း ဒါဟာ မဖြစ် မနေ လိုက်နာ ရမယ် ဆိုတဲ့ စည်းကမ်း ချက်မျိုး မဟုတ်ဘူး လို့ တနင်္ဂနွေ နေ့က ထုတ်ပြန်တဲ့ အခမ်း အနား ကို တက်ရောက် ခဲ့သူ မြန်မာ ဂျာနယ်လစ် ကွန်ရက် MJN အတွင်းရေးမှူး ကိုမြင့်ကျော်က ဘီဘီစီကို ပြောပါတယ်။

သတင်း သမား အများစုက သတင်းစာ ပညာနဲ့ ပတ်သက်လို့ ပုံမှန် သင်တန်းတွေ၊ ကျောင်းတွေ တက်ပြီး အလုပ် လုပ်နေတာ မဟုတ်တဲ့ အနေ အထားမျိုး ဖြစ်တယ်လို့ ကိုမြင့်ကျော်က ပြောပါတယ်။

ကျင့်ဝတ် ဆိုင်ရာ လမ်းညွှန် တွေမှာတော့ ဘက် မလိုက်ရေး မျှတရေး တိကျရေး ဆိုတာ ပါပေမယ့်၊ ရွေးကောက်ပွဲ တွေမှာ ဒီအချက် တွေကို ဘယ်လို အသုံးချရ မလဲ ဆိုတာနဲ့ ပတ်သက်ပြီး လက်တွေ့မှာ ကြုံတွေ့ ရမှာဖို့ အားလုံး အတွက် ရည်ရွယ် တာလို့လည်း ဆိုပါတယ်။

ပါတီတွေက ထုတ်ဝေတဲ့ ဂျာနယ် တွေ အတွက်တော့ ဒီလမ်းညွှန် အတိုင်း လိုက်နာ ဖို့ ဖြစ်နိုင်ခြေ မရှိ ဘူးလို့ ပြောပါတယ်။

ဒါပေမယ့် ဒီလမ်းညွှန်ဟာ အများစု ဖြစ်တဲ့ ပုဂ္ဂလိက ဂျာနယ် သတင်း သမားတွေ အတွက် ရည်ရွယ် တာဖြစ်တယ်လို့ ကိုမြင့်ကျော်က ပြောပါ တယ်။