အစိုးရ၊ ပါတီတွေနဲ့ လက်နက်ကိုင် အဖွဲ့တွေ တွေ့ဆုံမယ်

Image caption ညီလာခံ လုပ်မှာကို ရန်ကုန်တိုင်း အစိုးရ ဘက်က ပြောကြား လိုက်တာ ဖြစ်ပါတယ်

မှတ်ပုံတင် ထားတဲ့ နိုင်ငံ ရေးပါတီ တွေ၊ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ နဲ့ လက်နက်ကိုင် အဖွဲ့ တွေ ပါဝင်တဲ့ ဆွေးနွေးပွဲ တစ်ခုကို မေလ ၉ ရက်နေ့ ရန်ကုန်မြို့ အင်းလျားလိပ် ဟိုတယ် မှာ ကျင်းပဖို့ ရှိပါတယ်။

မနက် ၉ နာရီ ကနေ ညနေ ၄ နာရီ အထိ ပြုလုပ်မှာ ဖြစ်ပြီး၊ အခုလို ဆွေးနွေးပွဲ လုပ်မှာကို ရန်ကုန်တိုင်း အစိုးရ ဘက်က ထုတ်ဖေါ် ပြောကြား လိုက်တာ လည်း ဖြစ်ပါတယ်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို အမြန်ဆုံး လက်မှတ် ထိုးနိုင်ရေး၊ အဲဒီနောက် ဖြစ်လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေ အတွက် မူဘောင်တွေ ချမှတ် နိုင်ရေး တို့အတွက် အခုလို ဆွေးနွေးပွဲ ခေါ်ယူတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း အစိုးရ ရခိုင် တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင် က ပြောပါတယ်။

အခု ဆွေးနွေးပွဲ က ရတဲ့ ရလဒ် တွေကို သက်ဆိုင်ရာ အလိုက် ဝေငှပြီး တိုက်တွန်း မှုတွေ ပြုလုပ် သွားမှာ ဖြစ်တယ် လို့လည်း ဦးဇော်အေးမောင် က ပြောပါတယ်။

ဒါဟာ ပန်ဆန်းမှာ ကျင်းပ နေတဲ့ တိုင်းရင်းသား ညီလာခံ အပြီး ၂ ရက် အကြာမှာ ပြုလုပ် တာလည်း ဖြစ်ပါတယ်။ ဒီပွဲကို တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ဖိတ်ကြား ထားတယ် လို့ သိရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ