စက်ရုံ ၁၇ ရုံကို မန်းစည်ပင် အပိတ်ခိုင်း

dead fish  ဓာတ်ပုံ မူပိုင် AP
Image caption ရေညစ်ညမ်းမှုကြောင့် ငါးတွေ သေဆုံးနိုင်

သင်္ကြန်တွင်း ကစပြီး မန္တလေး အမရပူရ မြို့ ဘေး က တောင်သမန် အင်း မှာ ငါးတွေ သိန်းချီ သေဆုံး ခဲ့ပါတယ်။

ဒီလို ငါးတွေ အစုလိုက် အပြုံလိုက် သေရ တာ ဟာ တောင်သမန် အင်း ထဲ ကို စက်ရုံ တွေက ရေဆိုးတွေ တိုက်ရိုက် စွန့်ထုတ် လို့ ဖြစ်ရ တာ ဆို ပြီး စက်ရုံ ၁၇ ရုံကို စည်ပင် သာယာ က အပိတ်ခိုင်း လိုက် ပါတယ်။

နောက်ထပ် ဒီလိုမျိုး မဖြစ် အောင် မန္တလေး စည်ပင် အနေနဲ့ ပြင်ဆင် ထားတယ် လို့ စည်ပင် သန့်ရှင်းရေး ဌာန ကော်မတီ ဝင် (၅) ဒေါက်တာ သွင်ကျော်ကျော် က ပြောပါတယ်။

လတ်တလော တောင်သမန် အင်းထဲက ငါးသေတွေ သန့်ရှင်းရေး အတွက် လုပ်နေတယ် လို့ သိရပါတယ်။

ရေရှည် အတွက် ရေဆိုး စွန့်ပစ်မှုတွေ မဖြစ်အောင် ရေဆိုး သန့်စင် စက်ရုံ တခု အင်းနားမှာ တည်ဆောက်နေပြီး အဲဒိ စက်ရုံက သန့်စင်ပြီး ရေတွေကို မြစ်ထဲ စီးဆင်း စေမယ်လို့ ဒေါက်တာ သွင်ကျော်ကျော် က ပြောပါတယ်။

ပိတ်ထားတဲ့ စက်ရုံတွေဟာ အရက်ချက် စက်ရုံ၊ ချည်ဆေးဆိုးတဲ့ စက်ရုံ၊ သကြား စက်ရုံ စတဲ့ စက်ရုံတွေ ဖြစ်ပြီး လတ်တလော ရေဆိုး စွန့်ပစ်မှုတွေ ရပ်တန့်အောင် လုပ်ပြီးရင် ဇွန်လ ထဲမှာ အဲဒိ စက်ရုံတွေ ပြန်ဖွင့်ဖို့ ရှိတယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ