တိုက်ပွဲတွေရပ်ဖို့ ပန်ဆန်းအစည်းအဝေးကတောင်းဆို

  • 6 မေ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ပန်ဆန်းမြို့ တိုင်းရင်းသား ထိပ်သီး ဆွေးနွေးပွဲ

အပစ် အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးတဲ့ အခါ လက်ရှိ တိုက်ပွဲ ဖြစ်နေတဲ့ တိုင်းရင်းသားတွေပါ ပါဝင်ဖို့ ပန်ဆန်း ထိပ်သီး အစည်း အဝေးက တောင်းဆို လိုက်ပါတယ်။

ဝနယ် ပန်ဆန်းမြို့မှာ ပြုလုပ်ခဲ့တဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ အစည်းအဝေးကနေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ထုတ်ပြန်တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး အတွက်သာမက နောက်ဆက်တွဲ နိုင်ငံရေး ဆွေးနွေးပွဲမှာလည်း အခုတိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားတွေ ပါဝင်ခွင့်ရဖို့ ပန်ဆန်းညီလာခံက သဘောတူထားပါတယ်။

ဝအမျိုးသားပြည်နယ် ထူထောင်ရေးကိုလည်း တိုင်းရင်းသား အများစုက မူအရ သဘောတူထားကြတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားတွေကို တိုက်ပွဲဆင်နွှဲနေတာကို ရပ်ဆိုင်းဖို့နဲ့ တိုင်းရင်းသား တွေ အပေါ်မှာ အစိုးရစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ကိုလည်း ပန်ဆန်းထိပ်သီးအစည်းအဝေးက တောင်းဆိုထားပါတယ်။