စာနယ်ဇင်း ကောင်စီက စစ်တပ်ကို ဖြေရှင်းချက်တောင်းဆို

MNDAA Kokang ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုးကန့် အဖွဲ့ ထုတ်ပြန်ချက်တွေကို သတင်း မဖော်ပြဖို့ တပ်မတော်က သတိပေးထား

ပန်ဆန်း ဆွေးနွေးပွဲ တက်ရောက်နေတဲ့ ကိုးကန့်အဖွဲ့ရဲ့ ထုတ်ပြန်ချက် တွေကို မီဒီယာတွေက ထုတ်လွှင့် မဖော်ပြဖို့ တပ်မတော်က သတိပေးခဲ့ တာဟာ မီဒီယာ လွတ်လပ်ခွင့်ကို ထိပါးတာ ဖြစ်တယ်လို့ သတင်းမီဒီ ယာသမားတွေက ယူဆနေကြပါတယ်။

မြန်မာ နိုင်ငံ စာနယ်ဇင်း ကောင်စီ ယာယီက ပေးပို့တဲ့ စာထဲမှာ တပ်မတော် သတင်းမှန်ထုတ် ပြန်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ မရှင်းလင်းတဲ့အတွက် တပ်မတော်က မီဒီယာသမားတွေကို ကိုယ်တိုင် လာရှင်းပြပေးဖို့ ကြားကနေ ဝင်ရောက် မေတ္တာရပ်ခံ ပေးတာလို့ စာနယ်ဇင်းကောင်စီ ယာယီ ဒုတိယ ဥက္ကဌ ဦးဖိုးသောကြာကပြောပါတယ်။

အစိုးရက မတရားသင်း ကြေညာထားတဲ့ MNDAA ကိုးကန့် အဖွဲ့ တက်ရောက်နေတဲ့ ပန်ဆန်း ညီလာခံ သတင်းဟာ မီဒီယာတွေ ဘက်က ကြည့်ရင် ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ ကိစ္စဖြစ်လို့ ပြည်သူတွေ သိသင့်တဲ့ သတင်းလို့ ယူဆကြောင်း ဦးဖိုးသောကြာကပြောပါတယ်။

အဲဒီ သတင်းအတွက် ပန်ဆန်းကို ဆက်သွယ်တဲ့ အခါ MNDAA နဲ့ မတော်တဆ ဆက်သွယ် မိခဲ့ရင် မီဒီယာ သမားတွေနဲ့ ငြိနေမလားစိုးရိမ်တယ်၊ ဒါ့အပြင် MNDAA နဲ့ ဆွေးနွေးနေတဲ့ အဖွဲ့တွေထဲမှာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ တိုင်းရင်းသား အဖွဲ့တွေကလည်း ပါနေလို့ ဥပဒေ အရ ကွဲကွဲပြားပြား သိလိုတယ်လို့ သူက ဆိုပါတယ်။

ကိုးကန့်အဖွဲ့ရဲ့ ထုတ်ပြန်ချက် တွေကို မီဒီယာတွေက ထုတ်လွှင့် မဖော်ပြဖို့ တပ်မတော်က ပြောတာနဲ့ ပတ်သက်လို့တော့ ပြည်သူ လူထုကြားမှာ၊ မီဒီယာနဲ့ အစိုးရကြားမှာ ကြားခံအဖြစ် ဆက်သွယ် ဆောင်ရွက်ပေးရတဲ့ စာနယ်ဇင်း ကောင်စီ အနေနဲ့ ကန့်ကွက်ဖို့ မရှိဘူးလို့ပြောပါတယ်။

ပန်ဆန်း ဆွေးနွေးပွဲ တက်ရောက်နေတဲ့ ကိုးကန့်အဖွဲ့ကို မြန်မာအစိုးရက မတရားအသင်း အဖြစ် သတ်မှတ် ထားတဲ့အတွက် ကိုးကန် အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေကို မီဒီယာတွေက သတင်းအဖြစ်မထုတ်ပြန်ဖို့ ကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့ မေလ ၃ ၇က်နေ့မှာ တပ်မတော်က သတိပေးချက် တစ်စောင် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။