မောင်​တော​မြို့​အနီး မြေတိုင်း​စစ်ဆေးနေ

_bangladesh_myanmar_border ဓာတ်ပုံ မူပိုင် narinjara
Image caption ၂ နိုင်ငံကြား နယ်နိမိတ် အမှတ်အသားတွေ တိတိကျကျ သတ်မှတ် နိုင်ဖို့ ၂ ဘက် စလုံး က လိုလား နေကြ ပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ ကြား မှာ နယ်မြေ အပိုင်းခြား တိတိကျကျ သတ်မှတ် နိုင်ဖို့ တိုင်းတာ စစ်ဆေးမှု တွေ ပူးပေါင်း ဆောင်ရွက် နေကြတာ မှာ ဧပြီလ ၈ ရက်နေ့ မြန်မာ ဘက်ခြမ်း မောင်တော မြို့နယ် မြောက်ပိုင်း မှာ လုပ်ဆောင် လာကြပြီး ၄ ရက် ကြာ အချိန်ယူ တိုင်းတာ ကြမှာ ဖြစ်ပါတယ်။

၂ ဘက် အစိုးရ ပိုင်း ညှိနှိုင်းမှု တွေ ဆောင်ရွက် ပြီးမှ အခု လို မြေတိုင်း အဖွဲ့တွေ က ကွင်းဆင်း ဆောင်ရွက်လာ ကြတာ ဖြစ်တယ် လို့ မောင်တော ခရိုင် အုပ်ချုပ်ရေးမှုး က ပြောပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် ဟာ မိုင် ၂၀၀ လောက် နယ်ခြင်း ထိစပ်နေပြီး မကြာခဏ ပိုင်နက် အငြင်းပွားမှု တွေ ဖြစ်လေ့ ရှိပါတယ်။

၂၀၀၈-၂၀၀၉ တုန်းက ဖြစ်ပေါ်ခဲ့ တဲ့ ရေပိုင်နက် အငြင်းပွားမှု မှာလည်း ကုလသမဂ္ဂ က ကြားဝင် ဖြေရှင်း ပေးခဲ့ရတဲ့ အဆင့်ထိ ရောက်ခဲ့ပါတယ်။

ဒါ့ကြောင့် ၂ နိုင်ငံကြား နယ်နိမိတ် အမှတ်အသားတွေ တိတိကျကျ သတ်မှတ် နိုင်ဖို့ ၂ ဘက် စလုံး က လိုလား နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ