RCSS၊ KNU နဲ့ မြန်မာ​ပိစ်​စင်​တာ​တို့​ပေါင်း​ပြီး ဆွေးနွေး​ပွဲလုပ်မယ်

_rcss_ssa ဓာတ်ပုံ မူပိုင် AP
Image caption RCSS နဲ့ KNU တို့ဟာ အစိုးရနဲ့ ရင်ကြားစေ့ရေးမူ Deed of Commitment မှာ လက်မှတ် ထိုးထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ ထဲ က RCSS ရှမ်းပြည် ပြန်လည်ထူ ထောင်ရေး ကောင်စီ နဲ့ KNU ကရင် အမျိုးသား အစည်းအရုံး တို့ ဟာ မြန်မာ ပိစ် စင်တာ နဲ့ ပူးတွဲပြီး ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ပတ်သက်တဲ့ ဆွေးနွေး ပွဲ တစ်ခုကို ရန်ကုန် မှာ ကျင်းပ သွားဖို့ ရှိပါတယ်။

အခုလို ကျင်းပ ရခြင်းဟာ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တတ် နိုင် သလောက် လုပ်ဆောင် တာသာ ဖြစ်ပြီး ၊ RCSS နဲ့ KNU တို့ဟာ ကျန် အဖွဲ့ တွေ မပါရင်လည်း အပစ်ရပ် လက်မှတ် ကို အမြန် လက်မှတ် ထိုးချင် နေပြီ ဆိုတဲ့ သဘောမျိုး တော့ မသက်ရောက် ဘူး လို့ RCSS ရဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ်စိုင်းလ က ဘီဘီစီ ကို ပြောပါတယ်။

အင်းလျားလိပ် ဟိုတယ် မှာ ပြုလုပ်မယ့် အဲဒီ့ပွဲ ကို နိုင်ငံရေး ပါတီ ၇၀ ကျော် နဲ့ လက်နက်ကိုင် အဖွဲ့ အစည်း ၁၆ ခုကိုလည်း ဖိတ်ကြား ထားတယ်လို့ ဆိုပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး အလား အလာ အတွက် တိုင်းရင်းသား လက်နက်ကိုင် တပ် တွေ ဟာ ဝနယ် မှာ ပန်ဆိုင်း ညီလာခံ ကျင်းပ ထားသလို၊ NCCT အဖွဲ့ ဝင်တွေ ရဲ့ ထိပ်သီး ဆွေးနွေး ပွဲ လည်း ကျင်း ပဖို့ ရှိနေ ချိန် မှာ အခုလို လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ က ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ် ရေး ခေါင်းစဉ် နဲ့ ပဲ ရန်ကုန် မှာ ဆွေးနွေးပွဲ လုပ်ဆောင် လာတာ ဖြစ်ပါ တယ်။

အဲဒီ့ RCSS နဲ့ KNU တို့ဟာ အခုနှစ် ဖေဖေါ်ဝါရီ လ တုန်းက အစိုးရ ရဲ့ ဖိတ်ကြားမှု နဲ့ ပြည်ထောင်စု နေ့ အခမ်းအနား လာတက် ကြရင်းသား အစိုးရ ရဲ့ အကြံ ပြုချက် ဖြစ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ကတိပြုချက် Deed of Commitment မှာ ပါဝင် လက်မှတ် ထိုးထားသူ တွေ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ