KNU ခေါင်းဆောင်​ပိုင်းအပေါ် ဝေဖန်​လာ

  • 9 မေ 2015
_knu_ ဓာတ်ပုံ မူပိုင် burmese
Image caption KNU ခေါင်းဆောင်ပိုင်း ကို ဝေဖန်မှု တွေ ရှိလာနေ။

ကရင် အမျိုးသား အစည်းအရုံး KNU အနေနဲ့ အစိုးရနဲ့ အကြား လက်ရှိ ပြုလုပ် နေတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဟာ နည်းနာ ဟန်ပန် အရ ထိရောက် မှု နဲ့ ပွင့်လင်း မြင်သာ မှု အားနည်း နေတယ် ဆိုပြီး ဘားအံ ခရိုင် လေးဝါး မှာ လုပ်ခဲ့တဲ့ ကရင် အမျိုးသား နှီးနှော ဖလှယ်ပွဲ ကိုယ်စားလှယ် တွေ က ဝေဖန် လိုက်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ် KNU ရဲ့ ချည်းကပ် နေပုံ တွေ ကို ပြန်လည် သုံးသပ် ဖို့လည်း နှီးနှော ဖလှယ်ပွဲ ကိုယ်စားလှယ် တွေ က လက်မှတ် ရေးထိုး တောင်း ဆို ခဲ့ပါတယ်။

အစိုးရ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ဖို့၊ နှစ်ပေါင်း ၆၀ ကျော် စစ်ပွဲ ရပ်တန့် နိုင်ဖို့ စတာ တွေ ကို မူအရ ချမှတ် ထားတဲ့ အပေါ် အငြင်းပွား ဖွယ်ရာ မရှိ ထောက်ခံ နိုင်ပေမယ့် KNU ထိပ်တန်း ခေါင်းဆောင် တွေ ကြားထဲ မှာကို မသိလိုက် ရပဲ ဆုံးဖြတ် ဆောင်ရွက် တာ တွေ ဖြစ်ပေါ် နေတယ် ဆိုပြီး လေးဝါး နှီးနှော ဖလှယ်ပွဲ ကို တက်ရောက် ခဲ့တဲ့ ကရင် အရပ်ဘက် လှုမှု အဖွဲ့အစည်း Karen Women Action ကို ဦးဆောင် လှုပ်ရှား သူ ဒေါ် စူဇဲန်နာလှလှစိုး က ဘီဘီစီ ကို ပြောပါတယ်။

KNU အတွင်း ဆုံးဖြတ် လုပ်ဆောင် ချက် တွေ ကို ဥက္ကဌ အပါအဝင် ကျန် ထိပ်တန်း ခေါင်းဆောင် တွေ၊ ဗဟို ကော်မတီ ဝင် တွေ အားလုံး ညှိနှိုင်း တိုင်ပင် ဆွေးနွေး ပြီး မှ လုပ်ဆောင် သင့်ကြောင်း ကရင် လူထုက ရှု့မြင် နေတယ် လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ မေလ ၉ ရက်နေ့ ကပဲ ရန်ကုန် မှာ မြန်မာ ပိစ် စင်တာ နဲ့ တွဲ လုပ်သွားတဲ့ ငြိမ်းချမ်းရေး နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ဆွေးနွေးပွဲ မှာ KNU ဥက္ကဌ တက်ရောက် တာ မျိုး လို အကြောင်းအချင်းရာ မျိုး တွေ မှာ ပွင့်လင်း မြင်သာမှု မျိုး မရှိခဲ့တာ ကို ဆိုလိုတဲ့ အကြောင်းလည်း ဒေါ် စူဇဲန်နာလှလှစိုး က ဆိုပါတယ်။

အခုလို KNU ထိပ်သီး ခေါင်းဆောင် ပိုင်း တချို့ ကို ဝေဖန် သံ ထွက်လာ တဲ့ လေးဝါး နှီးနှော ဖလှယ်ပွဲ ကို KNU အပါအဝင် ပြည်တွင်း ပြည်ပ အခြေစိုက် ကရင် လူမှု အဖွဲ့အစည်း ပေါင်းစုံ ၂၅ ဖွဲ့ စုပေါင်းပြီး ကိုယ်စားလှယ် ၂၅၀ နီးပါးလောက် နဲ့ ပြီးခဲ့တဲ့ သောကြာ နေ့ က အထိ ၃ ရက်ကြာ ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ