မြန်မာ-လာ​အို​အကြား မဲ​ခေါင်​မြစ်​ကူး​တံတား ဖွင့်​နိုင်ပြီ

myanmar_laos_bridge_
Image caption မြန်မာ-လာအို အကြား ပထမဆုံး မဲခေါင် မြစ်ကူးတံတား

မြန်မာ နဲ့ လာအို ၂ နိုင်ငံကြား ပထမဆုံး မဲခေါင် မြစ်ကူး တံတားကို မေ ၉ ရက် နေ့ က ဖွင့်လှစ် နိုင်လိုက်ပါပြီ။

အခုလို တံတား ရှိလာတဲ့ အတွက် ၂ နိုင်ငံကြား ကူးသန်း သွားလာရေး နဲ့ ကုန်သွယ်ရေး ဖွံ့ဖြိုးလာ ဖို့ မျှော်လင့် ကြောင်း မြန်မာ အစိုးရ စီးပွားကူးသန်း ဝန်ကြီးဌာန က အဆင့်မြင့် အရာရှိ တစ်ဦး က ပြောပါတယ်။

ဒီတံတား ဟာ လာအို နိုင်ငံ နဲ့ သာမက ပဲ တခြား ဒေသတွင်း နိုင်ငံ တွေ ဖြစ်တဲ့ ဗီယက်နမ် နဲ့ ကမ္ဘောဒီးယား နိုင်ငံ တွေ နဲ့ ပါ ကုန်သွယ်ရေး နဲ့ ခရီးသွား လာရေး လုပ်ငန်း တွေ အတွက် လမ်းပွင့် စေနိုင် ပါတယ်။

အထူး သဖြင့် ဗီယက်နမ် ဒါနန် ဆိပ်ကမ်း ကို ဂျပန် နဲ့ တခြား အရှေ့ဖျား နိုင်ငံ တွေ က ရောက်လာ တဲ့ ကုန်စည် တွေ ကို လာအို ကို ဖြတ်ပြီး မြန်မာ နိုင်ငံ ထဲထိ သွင်း နိုင် လာမယ် လို့ မျှော်လင့် ရပါတယ်။

၂၀၁၃ ခုနှစ်က စပြီး ဆောက်ခဲ့တဲ့ ဒီ မြန်မာ-လာအို ချစ်ကြည်ရေး တံတား ရဲ့ ကုန်ကျစရိတ် ဒေါ်လာ ၂၆ သန်းကို တော့ ၂ နိုင်ငံ က နေ တစ်ဝက်စီ ကျခံ ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ