အင်ဒိုနီးရှားကို လူ ၅၀၀ လောက် လှေတွေနဲ့ ရွှေ့ပြောင်း ဝင်ရောက်

ဓာတ်ပုံ မူပိုင် AP
Image caption သူတို့ တတွေဟာ တခြား နေရာတွေမှာ ဘဝသစ် ပြန်တည် ဆောက်ကြ ဖို့ ဖြစ်ပါတယ်

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ကလို့ ယူဆ ရတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူ လူ ၅၀၀ လောက်ဟာ လှေ ၄ စင်းနဲ့ အင်ဒိုနီးရှား နိုင်ငံ အာချေး ကမ်းခြေကို ရောက်ရှိ လာကြ ပါတယ်။

ဒီ အထဲမှာ အမျိုး သမီးနဲ့ ကလေးတွေပါ ပါဝင် ကြတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ ရဲ့ သောကြာနေ့က ထုတ်ပြန်တဲ့ စာရင်း အရ အခု နှစ် ပထမ ၃ လ အတွင်းမှာ လူပေါင်း ၂ သောင်း ၅ ထောင်ဟာ အန္တရာယ် များလှတဲ့ ဘင်္ဂလား ပင်လယ်အော် ကို ဖြတ်ပြီး ရွှေ့ပြောင်း ခဲ့ကြ တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ထွက်လာ သူတွေ ကတော့ ဆင်းရဲ မွဲတွေမှု ဒဏ်တွေ ကြောင့် ထွက်လာတာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ ကတော့ ညှင်းပန်း နှိပ်စက်မှုတွေ ဒဏ်ကနေ လွတ်အောင် ရှောင်ထွက် လာသူတွေ ဖြစ်ကြပြီး သူတို့ တတွေဟာ တခြား နေရာတွေမှာ ဘဝသစ် ပြန်တည် ဆောက်ကြ ဖို့ ဖြစ်ပါတယ်။