အခြေ​ခံ​ဥပဒေ​ပြင်ဆင်​ရေး အဓိကဆွေးနွေး​မယ့် လွှတ်တော်ပြ​န်စ

bbc_hluttaw ဓာတ်ပုံ မူပိုင် bbc
Image caption ၁၂ ကြိမ် မြောက် လွှတ်တော် ပြန်စမယ်။

ရပ်နားထားတဲ့ ၁၂ ကြိမ်မြောက် လွှတ်တော် အစည်းအဝေး တွေ မေ ၁၁ ရက် တနင်္လာနေ့ မှာ ပြန်လည် စတင် မှာ ဖြစ်ပါတယ်။

ဒီ တစ်ခေါက် အစည်းအဝေး တွေ မှာ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဟာ အဓိက ဦးစားပေး ဆွေးနွေး ဆုံးဖြတ် ရမယ့် ကိစ္စ ဖြစ်တယ် လို့ အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင် က ဘီဘီစီ ကို ပြောပါတယ်။

အခု မေလ ပထမ ပတ် ထဲ ကပဲ လွှတ်တော် ရဲ့ ဥပဒေ ကြမ်း ကော်မတီ က လည်း အခြေခံ ဥပဒေပါ ပြင်ဆင်ရမယ့် အချက်အလက် တွေ နဲ့ စပ်လျဉ်းပြီး တွေ့ဆုံ ခဲ့ကြတယ် လို့ ကြားသိရ ကြောင်း လည်း ဦးဖုန်းမြင့်အောင် က ဆိုပါတယ်။

ဒီမိုကရက်တစ် အင်အားစု တွေ က ပြင်ဆင် ဖို့ တောင်းဆို နေကြတဲ့ အခြေခံ ဥပဒေ ပါ ပုဒ်မ ၅၉ (စ) နဲ့ ပုဒ်မ ၄၃၆ တို့ ကို အခု လွှတ်တော် အစည်းအဝေး တွေ ကနေ ပြင်ဆင် နိုင် ဖို့ အလားအလာ ရှိ မရှိ ကိုတော့ အဲဒီ့လို ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ကျင်းပ စရာ လိုတဲ့ ပုဒ်မ မျိုး တွေ ကို မပြင်ဆင် ကြဖို့ တပ်မတော်သား ကိုယ်စားလှယ် တွေ က ပြောထားတာ ရှိတယ် လို့ ဦးဖုန်းမြင့်အောင် က ဆိုပါတယ်။

ဒီလို ပုဒ်မ မျိုး တွေ ကို မပြင်ဆင် နိုင်ခဲ့ ရင်တောင် မှ တိုင်းဒေသကြီး နဲ့ ပြည်နယ် တွေ ရဲ့ လွှတ်တော် တွေ ကို သယံဇာတ စီမံ ခန့်ခွဲ မှု နဲ့ အခွန် အကောက် တို့လို ကိစ္စ တွေ မှာ အာဏာ တွေ ပိုမို ခွဲဝေ ပေးသွား နိုင် တဲ့ အာမခံချက် မျိုး ရှိလာအောင် ဖွဲ့စည်းပုံ ကို ပြင်ဆင် ပြောင်းလဲ နိုင်မယ် လို့ မျှော်လင့်ကြောင်း ဦးဖုန်းမြင့်အောင် က ဆိုပါတယ်။

အခြေခံ ဥပေဒ ပြင်ဆင်ရေး ကို ၁၂ ကြိမ် မြောက် လွှတ်တော် မှာ လုပ်ဆောင် ကြမယ် ဆိုပြီး ဆုံးဖြတ် ထားပေမယ့် ပြီးပြတ်သင့်တဲ့ အချိန် မှာ မပြီး နိုင် ဖြစ်ခဲ့ ကြရာက လွှတ်တော် သက်တမ်း တလျှောက် ပထမဆုံး အနေနဲ့ ကျင်းပ လက်စ လွှတ်တော် အစည်းအဝေး ကို ခေတ္တ ရပ်နားပြီး မှ အခုလို ပြန် ခေါ် ယူ ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ