KNPP ကယားပြည်နယ် ညီလာခံ လုပ်မယ်

  • 10 မေ 2015
knpp ဓာတ်ပုံ မူပိုင် Nyo Ohn Myint
Image caption အစိုးရနဲ့ KNPP အပစ်ရပ်စဲရေး ယူခဲ့

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) က ကယား ပြည်နယ် လုံးကျွတ် ညီလာခံ လုပ်ဖို့ တောင်းဆို ချက် ကို ပြည်နယ် အစိုးရက လိုက်လျော ခဲ့ပေမယ့် လည်း ညီလာခံ အတွက် ကွင်းဆင်း ဖို့ ကိစ္စ ဆက်ညှိနှိုင်း ဖို့ လိုနေတယ် လို့ သိရ ပါတယ်။

အပစ် ရပ်စဲရေး ယူပြီး နောက် ၃ နှစ် အတွင်း KNPP အနေနဲ့ ဘယ်လို ဆောင်ရွက်နေတယ် ဆိုတာကို တိုင်းရင်းသား လက်နက်ကိုင် တွေက ပြည်နယ် ထဲမှာ ကွင်းဆင်းပြီး ရှင်းလင်း ပြချင်လို့ ဒီလို ညှိနှိုင်း ဆောင်ရွက် နေတာလို့ KNPP ဒုတိယ ဥက္ကဋ္ဌ ခူးဦးရယ် က ပြောပါတယ်။

မကြာခင်က အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ NCCT တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ် အဖွဲ့ တွေကြား သဘောတူညီခဲ့တဲ့ အပစ်ရပ်စဲရေး စာချုပ် မူကြမ်းကို ကယား ပြည်နယ်တွင်းမှာ သိနားလည်အောင် ရှင်းလင်းဖို့ ကြိုးစားနေတာလို့ သိရပါတယ်။

ညီလာခံ ကိစ္စကို ပြည်နယ် ဝန်ကြီးချုပ် က သဘောတူ ညီ ခဲ့ပေမယ့် စစ်ကြောင်းတွေနဲ့ နယ်လှည့် ကွင်းဆင်းမယ့် ကိစ္စ ကိုတော့ အထက်ကို တင်ပြ ဖို့ ရှိနေပါတယ်။

စစ်ကြောင်းမှာ KNPP အင်အား ၂ဝဝ လိုက်ပါမှာကို အင်အား လျှော့ချ ပေးဖို့၊ အစိုးရ တပ်ဘက်က နယ်လှည့် ဆေးဝန်ထမ်းတွေ နဲ့ ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါ ဆောင်ရွက်ခွင့် ပေးဖို့တွေကို ပြည်နယ် အာဏာပိုင် တွေနဲ့ တပ် ဘက်က KNPP ကို တောင်းဆို ခဲ့တယ်လို့ သိရပါတယ်။

KNPP ဘက်ကတော့ တပ်အင်အား လျှော့ချရေး ကို မလုပ်ဆောင် လိုဘဲ လူစုခွဲ စေလွှတ်တာ မျိုး လုပ်သွားမယ်၊ လိုအပ်ရင် နေပြည်တော်ထိ တင်ပြ ပြောဆိုသွားမယ်လို့ ခူးဦးရယ် က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ