ကိုပါကြီးအမှု အရပ်ဘက် တရာရုံးမှာ စတင်ကြားနာ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဇနီးဖြစ်သူ မသန္တာက စာမျက်နှာ ၂၁ မျက်နှာ ပါ အကြောင်း အရာတွေ နဲ့ သက်သေ ထွက်ဆိုခဲ့ ပါတယ်

မြန်မာ အစိုးရ စစ်တပ်က ဖမ်းဆီး ထားစဉ် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ပစ်သတ် ခံခဲ့ရတဲ့ အလွတ် သတင်းထောက် ကိုပါကြီး အမှုနဲ့ ပတ်သက်ပြီး အရပ်ဘက် တရားရုံးမှာ တနင်္လာနေ့က စတင် ကြားနာ ခဲ့ပြီ ဖြစ်ပါ တယ်။

မွန်ပြည်နယ် ကျိုက်မရော မြို့နယ် အရပ်ဘက် တရားရုံးမှာ စတင် စစ်ဆေး ခဲ့တာ ဖြစ်ပြီး၊ ကိုပါကြီးရဲ့ ဇနီးဖြစ်သူ မသန္တာက စာမျက်နှာ ၂၁ မျက်နှာ ပါ အကြောင်း အရာတွေနဲ့ သက်သေ ထွက်ဆိုခဲ့ ပါတယ်။

ရဲကနေ တင်ပြထားတဲ့ နောက်ထပ် သက်သေ ၄ ယောက်ကို စစ်ဆေးဖို့ အတွက်လည်း တရားရုံးက မေလ ၂၅ ရက်နေ့ကို ချိန်းဆို လိုက်ပါတယ်။

ဒီ သက်သေ တွေကို စစ်ဆေး ပြီးရင်တော့ ကိုပါကြီး သေဆုံးမှု အတွက် ဒါဟာ လူသတ် မှုလား၊ တရားခံ ဘယ်သူလဲ ဆိုတာ တွေကို ဖေါ်ထုတ် ရမှာ ဖြစ်တယ်လို့ ဒီအမှုနဲ့ ပတ်သက်ပြီး လိုက်ပါ ဆောင်ရွက် ပေးနဲ့တဲ့ တရား လွှတ်တော် ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။

စစ်တပ်ဘက် ကလည်း စွပ်စွဲ ခံထား ရတဲ့ စစ်သား တဦးနဲ့ တပ်ကြပ် တဦးကို စစ်ဆေး မှုတွေ လုပ်ခဲ့ပြီးနောက် တရားသေ လွှတ်ပေး ခဲ့ပြီး ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး၊ တပ်ဘက်က စစ်ဆေး မှုဟာ အရပ်ဘက် တရားရုံးက စစ်ဆေး မှုကို သက်ရောက်မှု မရှိ သလို၊ လွှမ်းမိုး လို့လည်း မရဘူးလို့ ဦးရောဘတ် စန်းအောင်က ပြောပါ တယ်။

အရပ်ဘက် တရားရုံး အနေနဲ့ တရားခံ ဘယ်သူ ဖြစ်တယ် ဆိုတာကို စုံစမ်း ဖေါ်ထုတ် နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ