ရိုဟင်ဂျာ ကုန်ကူးမှုတွေ ပပျောက်အောင် လုပ်နိုင်မလား

rohingya ဓာတ်ပုံ မူပိုင် AP
Image caption ရိုဟင်ဂျာ လူကုန်ကူးမှု ဖြေရှင်းနိုင်ဖို့ လို

ထိုင်းနိုင်ငံမှာ ရိုဟင်ဂျာ လူကုန်ကူး နေတာ ၁ဝ နှစ်ကျော် ကြာခဲ့ပြီးမှ ဖော်ထုတ် အရေးယူမှု တွေ ဖြစ်လာ ပါတယ်။

ဘူးသီးတောင် မြို့နယ် က လူတယောက် ကို ရိုဟင်ဂျာ လူပွဲစား အန်နဝါ ဆိုသူက လှေနဲ့ ခေါ်လာပြီး ထိုင်းတောင်ပိုင်း ပါဒန်းဘေးစား တောင်ပေါ် စခန်း မှာ ထားထားတယ်။ ပြီးတော့ ဆွေမျိုး တွေဆီက ငွေတောင်းခံလို့ မရတဲ့ အတွက် ရိုက်ရင်း က သေဆုံး သွားတယ်။ ဒါကို ထိုင်းနိုင်ငံ ရိုဟင်ဂျာ လူ့အခွင့်အရေး အဖွဲ့ အတွင်းရေးမှူး မိုဟမ္မဒ် နော်စင်းမ်းနဲ့ ဆွေမျိုး တွေက နခေါင်းစီ ထမ်းမရတ် ခရိုင်ဝန် ကို တိုင်ကြား ရာက ရိုဟင်ဂျာ လူကုန်ကူးသူ ဂိုဏ်းခေါင်းဆောင် အန်နဝါ ကို ဖမ်းဆီး ရမိပါတယ်။ အဲဒိကနေ လူကုန်ကူးမှု တွေကို ဖော်ထုတ် နိုင်ခဲ့တာ ဖြစ်တယ် လို့ ရိုဟင်ဂျာ လူ့အခွင့်အရေး အဖွဲ့ အတွင်းရေးမှူး မိုဟမ္မဒ် နော်စင်းမ်းက ရှင်းပြပါတယ်။

အခု ဆိုရင် ဖမ်းဝရမ်း ထုတ်ထားသူ အယောက် ၅ဝ ရှိသွားပြီ ဖြစ်တယ်။ ရိုဟင်ဂျာ လူကုန်ကူးမှု ကို ဖြေရှင်း နိုင်ရေးအတွက် ထိုင်း၊မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ကုလ သမဂ္ဂနဲ့ လူမှုရေး အဖွဲ့တွေ ပါဝင်တဲ့ ဆွေးနွေးပွဲ တရပ် ကို ထိုင်းအစိုးရ က စီစဉ် နေပါတယ်။

ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ နိုင်ငံက လှေနဲ့ ထွက်ပြေး လာတယ် လို့ ယူဆရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တထောင်ကျော် မလေးရှား နိုင်ငံ လန်ကာဝီကျွန်းကို ရောက်လာ ခဲ့သလို တနင်္ဂနွေနေ့ကလဲ ၆ဝဝ လောက် အင်ဒိုနီးရှား နိုင်ငံ အာချေးကျွန်း ကမ်းလွန် ပင်လယ်ပြင် မှာ အာဏာပိုင် တွေက ဖမ်းမိ ခဲ့ပါတယ်။

သူတို့ဟာ ရခိုင်ကနေ ပြေးလာတာပါ လို့ အဲဒီ ရိုဟင်ဂျာ တွေက ပြောကြ ပေမယ့် မြန်မာ အာဏာပိုင် တွေ ဘက်က တော့ မဖြစ်နိုင်ဘူး လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ