ရွှေဘို အကသ ကျောင်းသား ဥက္ကဌကို ပြန်လွှတ်

ဓာတ်ပုံ မူပိုင် Getty
Image caption ရွှေဘို ခရိုင် အကသ သမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်မင်းခိုင် ကို အသက် မပြည့် သေးတဲ့ အတွက် အာမခံနဲ့ ပြန်လွှတ် ပေး

လက်ပံတန်းမှာ ကျောင်းသား သပိတ် ဖြိုခွဲ ခံရတုန်းက ဖမ်းဆီးခံ ရတဲ့ ရွှေဘို ခရိုင် အခြေခံ ပညာ ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်မင်းခိုင် ကို ပြန် လွှတ်ပေး လိုက်ပါ တယ်။

မတ်လ ၁၀ ရက်နေ့က ကျောင်းသား သပိတ်ကို ဖြိုခွဲပြီး ဖမ်းဆီး ထားတဲ့ ကျောင်းသား ၇၀ နီးပါး ကို အင်္ဂါနေ့မှာ သာယာဝတီ တရားရုံးမှာ ရုံးထုတ် ခဲ့တာ ဖြစ်ပြီး ကိုအောင်မင်းခိုင်ကိုတော့ အသက် မပြည့် သေးတဲ့ အတွက် အာမခံနဲ့ ပြန်လွှတ် ပေးတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူ့ကို စွဲဆို ထားတဲ့ အမှု ၅ ခုကိုတော့ လျှော့ပေး တာမျိုး မရှိဘဲ ကလေးသူငယ် တရားရုံးမှာ စစ်ဆေးမှာ ဖြစ်တယ်လို့ ကိုအောင်မင်းခိုင်က ပြောပါ တယ်။

သူဟာ ရွှေဘို အထက ၃ ကျောင်းမှာ ကျောင်းတက် နေတဲ့ ကျောင်းသား ဖြစ်ပြီး အခုနှစ် ၁၀ တန်း စာမေးပွဲ ကိုလည်း မဖြေလိုက်ရ ဘူးလို့ ပြောပါတယ်။

ထောင်ထဲမှာ တခြား အသက် မပြည့် သေးတဲ့ ဖမ်းဆီးခံ ကျောင်းသား ၂ ဦး ကျန်နေ သေးတယ်လို့ ကိုအောင်မင်းခိုင်က ပြောပါတယ်။

သူဟာ ဖမ်းဆီး ခံရတုန်းက အရိုက် အနှက် ခံခဲ့ ရပြီး ခေါင်းလည်း ပေါက်ကွဲ ခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ