ငြိမ်းချမ်းရေးကမ်းလှမ်းမှု ကိုးကန့်မရရှိ

kokang ဓာတ်ပုံ မူပိုင် Reuters
Image caption အပစ်ရပ်စဲရေး လိုက်နာနိုင်ရင် ကိုးကန့်ပါဝင်လို

သမ္မတ ဦးသိန်းစိန် ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ရှမ်းပြည် ခရီးစဉ်မှာ မိုင်းလား နဲ့ ဝ တို့လို အထူးဒေသ အဖွဲ့တွေ နဲ့ တွေ့ဆုံ တုန်း ကိုးကန့် ဒေသ စစ်ပွဲတွေ နဲ့ ပတ်သက်ပြီး တကယ်လို့ MNDAA လို့ ခေါ်တဲ့ ကိုးကန့်တပ် အနေနဲ့ အပစ်ရပ် မယ် ဆိုရင် ငြိမ်းချမ်းရေး အတွက် စဉ်းစားပေး နိုင်တယ် လို့ ပြောလာ ခဲ့ပါတယ်။

ဝတပ်ဖွဲ့ ကလည်း ကြားဝင် ညှိနှိုင်း ပေးမှုတွေ လုပ်ပေးမယ် လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ခုချိန်ထိ အစိုးရ ရဲ့ တရားဝင် ကမ်းလှမ်းမှုမျိုး ကိုးကန့်တပ် က မရရှိသေးဘူးလို့ ကိုးကန့်တပ် ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

ငြိမ်းချမ်းရေး ကမ်းလှမ်းမှု အစား တိုက်ပွဲတွေ ပိုပြင်းထန် လာနေတယ် လို့လည်း သိရပါတယ်။

မနက် ၄ နာရီ လောက်ထဲက လက်နက်ကြီးတွေ၊ ရဟတ်ယာဉ်တွေနဲ့ ကိုးကန့် ဘက်က အစိုးရက စစ်ဆင်လာတာတွေ တွေ့ရပြီး ကြည်းတပ်နဲ့ ထိုးစစ်လည်း ဆင်တယ်လို့ ဦးထွန်းမြတ်လင်း က ပြောပါတယ်။

ကိုးကန့် အနေနဲ့ ခံစစ် သဘောသာ ခုခံနိုင်တာမို့ အစိုးရ ဘက်က အပစ်ရပ်ပြီး ထိုးစစ် မဆင်မှ ငြိမ်းချမ်းရေး ဖြစ်ပေါ် လာနိုင်မယ်လို့ ဆိုပါတယ်။

NCCT တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ် အဖွဲ့တွေနဲ့ အစိုးရကြား အပစ်ရပ်စဲရေး စာချုပ်ကို ကိုးကန့် ဘက်က လိုက်နာ ဆောင်ရွက် နိုင်မယ် ဆိုရင် လက်မှတ်ထိုး ချင်ပေမယ့် ခုထိ တရားဝင် အသိအမှတ်ပြု မခံရကြောင်း ကိုးကန့် ဘက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ