အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိက အပ်မယ်

rubbish
Image caption ရန်ကုန် အမှိုက် လုပ်ငန်း ပုဂ္ဂလိကလွှဲ

ရန်ကုန် မြို့တော် စည်ပင် သာယာရေး နယ်နမိတ် အတွင်း အမှိုက်သိမ်း၊ အမှိုက်သယ် လုပ်ငန်း တွေအ တွက် ပုဂ္ဂလိက လုပ်ဆောင်ခွင့် လျှောက်ထားတဲ့ ကုမ္ပဏီ ၇ ခု အနက်မှာ ပြည်တွင်းကုမ္ပဏီ Zeya & Associate နဲ့ သြစတြေးလျ အခြေစိုက် မြန်မာလူမျိုးပိုင် TYTC Waste Equipment Pty,Ltd တို့ကို ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ရွေးချယ်ထားတဲ့ ကုမ္ပဏီတွေက အမှိုက်သိမ်းခ လစဉ်ကြေးတွေကို တိုးမြှင့်ကောက်ခံဖို့ရှိပါတယ်။

အနိမ့်ဆုံး လစဉ် အမှိုက်သိမ်းခ ကျပ် ၃၀၀ ကို ကျပ် ၁၂၀၀ အထိ၊ အမြင့်ဆုံး အမှိုက်သိမ်းခ ကျပ် ၆၀၀ ကို ကျပ် ၁၆၀၀ အထိတိုးမြှင့်ကောက်ခံမှာ ဖြစ်ပါတယ်။

အခုလို တိုးမြှင့်ကောက်ခံမှုကို ရန်ကုန်မြို့နေ လူထုအနေနဲ့ ကျေနပ် သဘောတူညီမှု ရှိမရှိကိုလည်း စစ်တမ်းတလကောက်ယူပြီး အများပြည်သူ သဘောတူညီမှ အကောင် အထည်ဖော် ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်မြို့တော် စည်ပင်သာရေး နယ်နမိတ်အတွင်းက ထွက်တဲ့ အမှိုက်တွေကို လှိုင်သာယာ ထိန်ပင် အမှိုက်ပုံနဲ့ ဒဂုံမြောက်ပိုင်းမြို့နယ် ထားဝယ်ချောင် အမှိုက်ပုံတို့မှာ စွန့်ပစ်နေတာ ဖြစ်ပါတယ်။

အခုအခါ အဲဒီ အမှိုက်ပုံကြီး နှစ်ပုံဟာ သိပ်မြင့်တက်နေပြီး နောက်ထပ် အမှိုက်စွန့်စရာ နေရာလပ် မရှိတော့လို့ အမှိုက်ဟောင်းတွေကနေ လျှပ်စစ် ဓါတ် ထုတ်ယူမှု ပြုလုပ်မှာ ဖြစ်ပြီး အဲဒီလုပ်ငန်းကိုလည်း အခု အရွေးချယ်ခံရတဲ့ အမှိုက်သိမ်းကုမ္ပဏီတွေက အကျိုးခံစားခွင့် ရှိကြမှာ ဖြစ်ပါတယ်။