မဲ​ထည့်​ပုံစံ​နစ် အပြောင်း​အလဲ​ကို ကော်​မရှင်ရှင်းပြ

election_commission_presser ဓာတ်ပုံ မူပိုင် AP
Image caption စောင့်ကြည့် လေ့လာကြ မယ့် အရပ် ဖက် အဖွဲ့ တွေ ကိုလည်း ရွေးကောက်ပွဲ ကော်မရှင် က တရားဝင် အသိအမှတ်ပြုမယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မှာ ပြောင်းလဲ ထားတဲ့ မဲဆန္ဒ ပေးပုံ ပေးနည်း တွေ နဲ့ ကြိုတင် မဲစာရင်း ပြုစု ခြင်း လုပ်ငန်း တွေ အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နဲ့ ရွေးကောက်ပွဲ ကို စောင့်ကြည့် လေ့လာမယ့် အရပ်ဖက် အဖွဲ့တွေ မေလ ၁၄ ရက် ကြာသပတေး နေ့က ရန်ကုန်မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။

ကိုယ်မဲပေးချင် တဲ့ ကိုယ်စားလှယ် အမည်ပေါ် မှာ အရင်က အမှန် ခြစ်ပေး တဲ့ နည်း ကနေ တံဆိပ်တုံး ထုပြီး မဲ ပေး ရ တော့မှာ ဖြစ်ပြီး ကောက်ခံထားတဲ့ ကြိုတင် မဲစာရင်း တွေ ကိုလည်း ရပ်ကွက်အလိုက် မဲရုံတွေ မှာ ထုတ်ပြန် ကြေညာ ပေး မှာ ဖြစ်တယ် လို့ ရွေးကောက်ပွဲ ကော်မရှင် က ပြောပါတယ်။

ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတ မှု ရှိမရှိ စောင့်ကြည့် လေ့လာကြ မယ့် အရပ် ဖက် အဖွဲ့ တွေ ကိုလည်း ရွေးကောက်ပွဲ ကော်မရှင် က တရားဝင် အသိအမှတ်ပြု လက်မှတ် တွေ ထုတ်ပေး သွားပါလိမ့်မယ်။

မေလ ၁၅ ရက် သောကြာနေ့ မှာလည်း ရွေးကောက်ပွဲ ကော်မရှင် ဟာ နိုင်ငံရေးပါတီ တွေ နဲ့ တွေ့ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ