မြန်မာ​ကျည် တရုတ်​ဘက်​ကျ​လို့ တရုတ်​ကန့်​ကွက်

_hua ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာကျည်တွေ တရုတ်ပိုင်နက်ထဲ ကျကွဲပြီး လူ ၅ ဦး ဒဏ်ရာ ရ။

မြန်မာဘက် က ပစ်ခတ် တဲ့ ကျည်တွေ တရုတ် ပိုင်နက် ထဲ ကျရောက် ပေါက်ကွဲပြီး လူ ၅ ဦး ဒဏ်ရာ ရခဲ့တဲ့ အတွက် တရုတ်အစိုးရ က မြန်မာ အာဏာပိုင် တွေ ကို ကန့်ကွက် လိုက်ပါတယ်။

တရုတ် နိုင်ငံခြားရေး ဌာန ရဲ့ ပြောခွင့်ရ ဟွားချူရင်း က ဒီ ဖြစ်ရပ် အတွက် တရုတ်အစိုးရ အနေနဲ့ အင်မတန် မကျေမနပ် ဖြစ်ရပြီး အလားတူ ဖြစ်ရပ်မျိုး တွေ ထပ်မံ ပေါ်ပေါက် မလာအောင် မြန်မာ အစိုးရ ဘက်က ထိရောက် တဲ့ ထိန်းချုပ် ကိုင်တွယ်မှု တွေ လုပ်ဆောင်ဖို့ တိုက်တွန်း ထား တယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေး ညက ယူနန်ပြည်နယ် အနောက်တောင်ပိုင်း လင်ဆန် ဆိုတဲ့ ဒေသ မှာ စားသောက်ဆိုင် တစ်ဆိုင် အရှေ့နဲ့ လူနေ ရပ်ကွက် ရဲ့ လမ်းမပေါ် ကျည် ၂ လုံး ထိမှန်ခဲ့တာ ဖြစ်တယ် လို့ တရုတ်အစိုးရပိုင် ရုပ်မြင်သံကြား မှာ ဖော်ပြ ခဲ့ပါတယ်။

မြန်မာဘက်ခြမ်း ကိုးကန့်ဒေသ စစ်ပွဲမှာတော့ ကိုးကန့်တပ် MNDAA အခိုင်အမာ တပ်စွဲထားတဲ့ ပွိုင့် ၂၂၀၂ ဆိုတဲ့ တောင်ကုန်းကို အစိုးရ စစ်တပ် က အမြောက်၊ သံချပ်ကာ နဲ့ လေကြောင်း ပစ်ကူတွေ သုံးပြီး ကြာသပတေးည ၁၀ နာရီ ကျော်မှာ သိမ်းလိုက် နိုင်တယ် ဆိုပြီး ပြန်ကြားရေး ဌာန က ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ