သမ္မတ​နဲ့ နိုင်ငံ​ရေး​ပါ​တီ​တွေ တွေ့မယ်

_u_thein_sein
Image caption ဒါဟာ သမ္မတ သက်တမ်း အတွင်း နိုင်ငံရေးပါတီ တွေ တစုတဝေးတည်းနဲ့ တွေ့တာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

ဦးသိန်းစိန် နဲ့ နိုင်ငံရေး ပါတီပေါင်း ၇၀လောက်က ကိုယ်စားလှယ် တွေ မေလ ၁၈ ရက်နေ့ ရန်ကုန်တိုင်း လွှတ်တော် ခန်းမမှာ တွေ့ဆုံ ကြဖို့ ရှိပါတယ်။

ဒီတွေ့ဆုံပွဲ မှာ တိုင်းရင်းသား နိုင်ငံရေး ပါတီ တွေ လည်း ပါဝင် မှာ ဖြစ်ပြီး တက်ဖို့ အဖိတ် ခံထား ရတဲ့ ရှမ်း တိုင်းရင်း သား ဒီမိုကရက်တစ် ပါတီ က တော့ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ တိုင်းရင်းသား တွေ အတွက် တန်းတူရည်မျှ အာမခံ ချက် ပေးမယ့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စ တွေ ကို ဆွေး နွေး သွားမယ် လို့ ဆိုပါတယ်။

တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ တွေ နဲ့ အစိုးရ အကြား ရရှိ ထားတဲ့ တနိုင်ငံ လုံး အပစ်ရပ် သဘော တူ မူကြမ်း ကို အပြီးသတ် လက်မှတ် ရေး ထိုး ကြဖို့ နဲ့ နိုင်ငံရေး တွေ့ဆုံ ပွဲ တွေ အမြန်ဆုံး စတင် နိုင်ဖို့ လိုအပ်တယ် ဆိုပြီး ရှမ်း တိုင်းရင်း သား ဒီမိုကရက်တစ် ပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း က ဘီဘီစီ ကို ပြောပါတယ်။

ဒီလို နိုင်ငံရေး ဆွေးနွေး ပွဲ တွေ စတင် နိုင်ပါမှ ဗဟို ချုပ် ကိုင် မှု လျှော့ ချရေး နဲ့ တိုင်းရင်းသား တွေ အတွက် ကိုယ်ပိုင် အုပ်ချုပ် ပြဌာန်း ခွင့် အကြောင်း အရာ တွေ ကို ကျယ်ကျယ် ပြန့်ပြန့် ဆွေး နွေး လာနိုင် မှာ ဖြစ်တယ် လို့ ဥက္ကဌ စိုင်းအိုက်ပေါင်း က ဆိုပါတယ်။

ဒီ လို နိုင်ငံရေး ဆွေးနွေး ပွဲ တွေ အတွက် ကြိုတင် ပြင်ဆင် တဲ့ အနေနဲ့ ချမှတ် ရမယ့် မူဘောင် တွေ ကို နိုင်ငံရေး ပါတီ တွေ ကြားထဲ စတင် ဆွေးနွေး နေပြီ ဖြစ်တာ မှာ မကြာခင် မှာ ဘုံ သဘောတူ မူဘောင် တစ်ခု ရလာ နိုင် တော့မယ် လို့ ဥက္ကဌ စိုင်းအိုက်ပေါင်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ