သမ္မတ ဦးသိန်းစိန် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံ

ဓာတ်ပုံ မူပိုင် Getty
Image caption ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး ဆွေးနွေး ပွဲများ အောင်မြင်စွာ ကျင်းပ နိုင်ရေး တိုက်တွန်း

သမ္မတ ဦးသိန်းစိန်ဟာ နိုင်ငံရေး ပါတီ ၇၀ ကျော်က ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ရုံးခန်းမ မှာ တနင်္လာနေ့ က တွေ့ဆုံ ဆွေးနွေး မှုတွေ ပြုလုပ် ခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာ လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးမှု နဲ့ မကြာခင် ကျင်း ပတော့မယ့် အထွေထွေ ရွေးကောက်ပွဲ အတွက် အခြေအနေ တိုးတက်မှု အကြောင်း တွေကို သမ္မတက ပြောကြားခဲ့ ပါတယ်။

ပါတီတွေ ဘက်ကတော့ လယ်ယာမြေ ကိစ္စလို ပြည်သူ လူထု တွေ ရင်ဆိုင် ခံစား နေရ တာတွေ ရှိတဲ့ အတွက် ရွေးကောက်ပွဲ ကျရင် လွတ်လပ်စွာ မဲပေး မှုကို ထိခိုက် နိုင် ကြောင်း၊ ဒါတွေကို အာဏာပိုင် တွေက တာဝန်ယူ ဖြေရှင်း ပေးဖို့ ပြန်လည် ဆွေးနွေးတာ မျိုးရှိ ခဲ့တယ် လို့ တွေ့ဆုံပွဲ ကို တက်ရောက် ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီသစ် ပါတီ အတွင်းရေးမှူး ဦးကျော်က ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး နဲ့ ဗဟိုချုပ်ကိုင်မှု များနေတာ ကို လျှော့ချ ပေးဖို့ ပါတီတွေ ဘက်က တင်ပြသွား တယ်လို့လည်း ပြောပါတယ်။

တနိုင်ငံ လုံး အပစ် အခတ် ရပ်စဲရေး ကိစ္စမှာ ရတဲ့ အဖွဲ့နဲ့ ဆောင်ရွက်သွားမယ် ဆိုတဲ့ အစိုးရ ပိုင်းရဲ့ ပြောဆိုမှုတွေ နဲ့ပတ်သက်ပြီး ပါတီတွေ ဘက်က ကတော့ အားလုံး ပါစေချင်တယ်လို့ ဆိုပါတယ်။

သမ္မတ က ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး ဆွေးနွေး ပွဲများ အောင်မြင်စွာ ကျင်းပ နိုင်ရေး ကိုလည်း တိုက်တွန်း ပြောကြား သွားကြောင်း သိရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ