NCCT ထိပ်သီး အစည်းအဝေး ကျင်းပမယ်

ncct
Image caption တိုင်းရင်းသား အဖွဲ့တွေနဲ့ ပါတီ တွေ ရန်ကုန်မှာ တွေ့ဆုံခဲ့

NCCT အဖွဲ့ ဝင် တိုင်းရင်းသား လက်နက်ကိုင် တပ် တွေ က ထိပ်သီး ခေါင်းဆောင် တွေ ဟာ ရရှိထားတဲ့ တနိုင်ငံလုံး အပစ်ရပ်ရေး မူ ကို အတည်ပြု နိုင်ဖို့ ဇွန်လဆန်း ကျရင် KNU ထိန်းချုပ် နယ်မြေ လော်ခီးလာ မှာ တွေ့ဆုံ ကြဖို့ စီစဉ် နေကြပါတယ်။

ဇွန်လ ၂ ရက်က ၆ ရက် အထိ အစည်းအဝေး ကျင်းပမှာ ဖြစ်ပြီး တိုက်ပွဲ ဖြစ်နေတဲ့ ကိုးကန့်၊ ပလောင် နဲ့ ရခိုင် တပ်တွေ အပါအဝင် NCCT အဖွဲ့တွေ၊ NCCT အဖွဲ့ဝင် မဟုတ်သူ အဖွဲ့ တွေကိုပါ ဖိတ်ထားပြီလို့ NCCT အဖွဲ့ဝင် လည်း ဖြစ် KNU က တာဝန်ရှိသူ တဦး ဖြစ်တဲ့ ဖဒိုကွယ်ထူးဝင်း က ပြောပါတယ်။

ဝနယ် ပန်ဆန်းနဲ့ မိုင်းလားမှာ အစည်းအဝေး လုပ်ဖို့ ကြိုးစားခဲ့တာ မဖြစ်ခဲ့ပြီးနောက် ခုမှ ကျင်းပဖို့ စီစဉ် ရလို့ မေလ မှာ မူလ ကျင်းပဖို့ စီစဉ် ထားတဲ့ အတိုင်း မဖြစ်တော့ဘူးလို့ ဖဒို ကွယ်ထူးဝင်း က ပြောပါတယ်။

လော်ခီးလာ မှာ တိုင်းရင်းသား အဖွဲ့တွေ အားလုံး လာနိုင်တယ် လို့လည်း ဆိုပါတယ်။

တနိုင်ငံလုံး အပစ်ရပ်ရေး မူ ကို သုံးသပ် ပြင်ဆင် ရာမှာ အကြံပြု ချက် တွေနဲ့ ပြင်ဆင် အတည်ပြု နိုင်တယ် လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ