လှေ​စီး​ဒုက္ခ​သည်​အရေး​ဟာ လူ​မှောင်ခို ပြဿနာ​ဖြစ်​တယ်​လို့ ရခိုင်​ဝန်ကြီး​ချုပ်​ပြော

asia_migrant_crisis_rohingya_girl_
Image caption ရိုဟင်ဂျာ မွတ်ဆလင်မ် တွေ ခွဲခြား ဆက်ဆံ ခံ နေရပြီး အကြမ်းဖက် ခံနေ ရတဲ့ ပြဿနာ ရင်းမြစ် ကို ကိုင်တွယ် ကြဖို့အမေရိကန် နိုင်ငံခြားရေး ဌာန ရဲ့ ဒုဝန်ကြီး အန်ထဏီ ဘလင်ကဲန် က တိုက်တွန်း။

ရခိုင် ပြည်နယ် က လူတွေ ထောင် ပေါင်း များ စွာ ထွက် ခွာ နေကြ တာဟာ လူမှောင် ခို ပြဿနာ သာ ဖြစ်ပြီး အမေရိကန် က စွပ်စွဲ သလို လူမျိုးရေး ဘာသာရေး အပေါ် မူတည် လို့ ပစ်မှတ် ထား ခွဲခြား ဖိနှိပ် ခံနေ ရ တာ ကနေ ထွက် ပြေး နေကြ ရတာ မဟုတ် ဘူး ဆိုပြီး ရခိုင် ပြည်နယ် အစိုးရ အကြီးအကဲ က ပြောလိုက် ပါတယ်။

အမေရိကန် အစိုးရ ရဲ့ စွပ်စွဲ မှု တွေ အပေါ် စိတ်ပျက် ရပြီး အဲဒီ စွပ်စွဲ မှု တွေ ဟာ အခြေ အမြစ် မရှိဘူး လို့လည်း ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်ချူပ်ဟောင်း ဦးမောင်မောင်အုန်း က ဆိုပါ တယ်။

လှေစီး ဒုက္ခသည် တွေ အရေး ကိုင်တွယ် ဖို့ ဆိုရင် ရိုဟင်ဂျာ မွတ်ဆလင်မ် တွေ ခွဲခြား ဆက်ဆံ ခံ နေရပြီး အကြမ်းဖက် ခံနေ ရတဲ့ ပြဿနာ ရင်းမြစ် ကို ကိုင်တွယ် ကြဖို့ မြန်မာ ခေါင်းဆောင် တွေ ကို အမေရိကန် နိုင်ငံခြားရေး ဌာန ရဲ့ ဒုဝန်ကြီး အန်ထဏီ ဘလင်ကဲန် က သူ့ရဲ့ မြန်မာ ပြည် ခရီးစဉ် အတွင်း မှာ သတိပေး ခဲ့ ပါတယ်။

မြန်မာ အစိုးရ ဘက် က လည်း မြန်မာ့ ရေပိုင် နက် ထဲ လူမှောင်ခို ကူး မှု တွေ ကို တိုက်ဖျက် ပြီး လှေစီး ဒုက္ခသည် တွေ ကို ကူညီ မယ် လို့ ပြော လာ ပြီး တဲ့ နောက် ပြီးခဲ့တဲ့ ကြာသပတေး နေ့ ကတော့ ဘင်္ဂလားဒေ့ရှ် နယ်စပ် အနီး မြန်မာ ပိုင်နက် ထဲ မှာ တွေ့ ရတဲ့ လူ မှောင် ခို လှေ ၂ စီး ကို မြန်မာ ကမ်း ဘက် ကို ရေတပ် ကနေ ခေါ် လာတာ မှာ လှေတွေ ပေါ် မှာ ရွှေ့ ပြောင်း သူ အယောက် ၂၀၀ ကျော် ပါလာ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ