ဗြိတိန် ကျောင်းသား သမဂ္ဂတွေကို လာလေ့လာ

student myanmar ဓာတ်ပုံ မူပိုင် epa
Image caption ကျောင်းသား သပိတ် ဖြိုခွဲခံရမှု ဗြိတိန် သမဂ္ဂ တွေနဲ့ ဆွေးနွေး

ဗြိတိန် က ကျောင်းသား သမဂ္ဂ တွေ ဖွဲ့စည်း လှုပ်ရှားမှု တွေ ကို လေ့လာဖို့ ဒေါ် အောင်ဆန်း စုကြည် အစီ အစဉ် နဲ့ မြန်မာ တက္ကသိုလ် ၄ ခု က ကျောင်းသား သမဂ္ဂ ကိုယ်စားလှယ် ၄ ယောက် ဗြိတိန် ကို တပတ် ကြာ လာ လေ့လာ ခဲ့ ကြ ပါတယ်။

မြန်မာ နိုင်ငံ မှာ ရေးဆွဲ နေတဲ့ အဆင့်မြင့် ပညာရေး ဥပဒေ မှာ ထည့်သွင်း ဆွေးနွေး နိုင် ဖို့ ဗြိတိန် တက္ကသိုလ် သမဂ္ဂ တွေရဲ့ လှုပ်ရှားမှု တွေကို လာလေ့လာ ခဲ့တာ လို့ ရန်ကုန် စီးပွားရေး တက္ကသိုလ် ကျောင်းသား များ သမဂ္ဂ ဥက္ကဋ္ဌ ကိုဇေယျာလွင် က ပြောပါတယ်။

ဒီခရီးစဉ် အတွင်း မြန်မာ နိုင်ငံမှာ ဖြစ်ပွား ခဲ့တဲ့ ကျောင်းသား ဆန္ဒပြပွဲ တွေ ဖြိုခွဲ ခံရမှု နဲ့ ပတ်သက်ပြီး အောက်စဖို့ဒ် နဲ့ တခြား တက္ကသိုလ် သမဂ္ဂတွေမှာ ဆွေးနွေး ပြောကြား ခဲ့ပြီး ဖမ်းဆီး ခံရသူတွေ လွတ်မြောက် ဖို့ လှုပ်ရှား ဆောင်ရွက် လိုကြောင်း တချို့ သမဂ္ဂ တွေက ပြောကြား ပါတယ်။

ဗြိတိန် တက္ကသိုလ် တွေ မှာ သမဂ္ဂ တွေက ကျောင်းသား အရေး ကိစ္စတွေမှာ တက်တက် ကြွကြွ ဆောင်ရွက် နေတာ တွေ့ရပြီး စီမံ ဆောင်ရွက်ခွင့် တွေ လည်း ရနေကြတယ်၊ မြန်မာ နိုင်ငံ မှာတော့ သမဂ္ဂတွေ ရပ်တည်ဖို့ ကြိုးစား နေရဆဲ မို့ ဒီလို ဖြစ်လာ ဖို့ လိုသေးတယ် လို့လည်း ကို ဇေယျာလွင် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ