NLD ဗဟိုကော်မတီဝင်တွေနဲ့ ဒေါ်စု တွေ့ဆုံ

  • 25 မေ 2015
suu kyi ဓာတ်ပုံ မူပိုင် AP
Image caption ရွေးကောက်ပွဲ ဝင်ဖို့ လူငယ်နဲ့ တိုင်းရင်းသား တွေကို ဦးစားပေးမယ်

၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လွှတ်တော် အမတ် မဟုတ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မတီဝင် တွေကို ပါတီ ဥက္ကဋ္ဌ ဒေါ် အောင်ဆန်း စုကြည် က မေလ ၂၅ ရက် က နေပြည်တော် မှာ ၃ နာရီခန့် တွေ့ဆုံ ခဲ့ပါတယ်။

ဒီလို တွေ့ဆုံမှု ဟာ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲ ပြီးတဲ့ နောက် ပိုင်း ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ဒီ တွေ့ဆုံမှု မှာ တော့ အဓိက အားဖြင့်၂ဝ၁၅ ရွေး ကောက်ပွဲ ဝင်ရေးနဲ့ ကိုယ်စားလှယ် လောင်း ရွေးချယ်ရေး ကိစ္စတို့ကို ဆွေးနွေး ဖြစ်တယ် လို့ အစည်းအဝေး တက်ရောက် ခဲ့တဲ့ ဗဟို ကော်မတီဝင် တွေက ပြောပါတယ် ။

၂၀၁၅ ရွေးကောက်ပွဲ ဝင်ရေးနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံ ပြင်မပြင် အဓိက မဟုတ်ဘဲ အခြေအနေ အရပ်ရပ် ကို ကြည့်ပြီး ဆောင်ရွက် သွားမယ်လို့ အစည်း အဝေးမှာ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တယ် လို့ ပဲခူးတိုင်း ဗဟို ကော်မတီဝင် ဦးဆန်းဦးက ပြောပြ ပါတယ်။

ဒါ့အပြင်၂ဝ၁၅ ရွေးကောက်ပွဲ ဝင်မယ့် NLD ကိုယ်စားလှယ် လောင်းတွေ ဟာ လူငယ်နဲ့ တိုင်းရင်း သား တွေကို ဦးစားပေးမယ် လို့ ဒေါ်အောင်ဆန်း စုကြည် က ပြောခဲ့ ကြောင်း ဗဟိုကော်မတီ ဝင် မုံရွာအောင် ရှင်က ပြောပြ ပါတယ်။

ဒီကနေ အစည်းအဝေး မှာ ဒေါ်အောင်ဆန်း စုကြည် ရဲ့ ပြောကြားချက် တွေကို ကြည့်ခြင်း အား ဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာ သူ့ကို သမ္မတ ဖြစ်ခွင့် ပိတ်ပင် ထားတဲ့ ပုဒ်မ တွေကို မပြင်သည့် တိုင် NLD အနေနဲ့ ရွေးကောက်ပွဲ ဝင်မှာ သေချာ သလောက် ဖြစ်ပြီ လို့ သုံးသပ် ရမှာ ဖြစ်ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ