ရှမ်းမြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ဒေသခံတွေ စိုးရိမ်

_lashio_shan
Image caption အမည်မသိ လက်နက်ကိုင်တွေရဲ့ လာရောက် ပစ်ခတ် မှုနဲ့ ဒေသအုပ်ချုပ်ရေးမှုး တစ်ဦး အပြင်းအထန် ဒဏ်ရာရ။

ရှမ်းပြည် မြောက်ပိုင်း လားရှိုး နဲ့ သီပေါ အနီးတဝိုက် ဒေသ တွေ မှာ အခု ရက်ပိုင်း တွေ အတွင်း ပစ်ခတ် တိုက်ခိုက်မှု တွေ တိုးတက် ဖြစ် ပေါ် နေတဲ့ အတွက် ဒေသခံ တွေ ဟာ လုံခြုံရေး အတွက် စိုးရိမ် နေကြ ရပါတယ်။

ရှမ်းပြည် မြောက်ပိုင်း မှာ ကိုးကန့်၊ ကချင်၊ တအာင်း ပလောင် နဲ့ ရှမ်း တိုင်းရင်းသား လက်နက် ကိုင် တပ် ၄ ဖွဲ့ နဲ့ အစိုးရ တပ် အကြား တိုက်ပွဲ တွေ ဖြစ် နေတယ် လို့ ဒေသခံ တွေ က ပြောပါ တယ်။

ဒါ့အပြင် လားရှိုး နဲ့ သီပေါ မြို့နယ် ၂ ခု ရဲ့ နယ်စပ် အနီး မှာ လည်း အမည် မသိ လက်နက်ကိုင် တွေ ရဲ့ လာရောက် ပစ်ခတ် မှု နဲ့ ဒေသ အုပ်ချုပ်ရေး မှုး တစ်ဦး အပြင်း အထန် ဒဏ်ရာ ရ ခဲ့ သလို တချို့ နေရာ တွေ မှာလည်း အလားတူ ပစ်ခတ် မှု တွေ ဖြစ်နေတယ် လို့ လားရှိုး မြို့ ခံ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

လားရှိုး မြို့ ကို ခု ရက်ပိုင်း အတွင်း မှာပဲ ပြည်ထောင်စု လွှတ်တော် ရဲ့ အလှည့်ကျ နာယက သူရ ဦးရွှေမန်း၊ ဒုတိယ သမ္မတ တစ်ဦး ဖြစ်တဲ့ စိုင်းမောက်ခမ်း စတဲ့ အဆင့်မြင့် အာဏာပိုင် ပုဂ္ဂိုလ် တွေ လာရောက် နေတဲ့ အချိန် မှာ ပဲ ဒေသတွင်း မတည်မငြိမ် ဖြစ်မှု တွေ တိုးတက် ပေါ် ပေါက် နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ