လော်ခီးလာညီလာခံကို ဝတပ် UWSA တက်မှာမဟုတ်

  • 25 မေ 2015
uwsa_wa
Image caption ပန်ဆိုင်းညီလာခံအပြီး NCCT အဖွဲ့ဝင်တွေ နဲ့ အကြား သဘောထား ကွဲမှု မရှိဘူးလို့ UWSA ပြော။

တနိုင်ငံလုံး အပစ်ရပ်ရေး မူကြမ်း ကို သုံးသပ်ကြ ဖို့ NCCT အဖွဲ့ဝင် တိုင်းရင်းသား တပ် တွေ ရဲ့ ထိပ်ပိုင်း ခေါင်းဆောင် တွေ တွေ့ကြ မယ့် လော်ခီးလာ ညီလာခံ ကို ဝ တပ် UWSA က တက်ရောက် မှာ မဟုတ်ဘူး လို့ ပြောပါ တယ်။

NCCT အဖွဲ့ဝင် တွေ လွတ်လွတ်လပ်လပ် ဆွေးနွေး နိုင်ဖို့ အတွက် မတက် ရောက် တာ ဖြစ် ပြီး ထွက်လာမယ့် ဆုံးဖြတ်ချက် တွေ ကိုတော့ အလေး အနက် ထားမှာ ဖြစ်တယ် လို့ UWSA ရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအောင်မြင့် က ဘီဘီစီ ကို ပြောပါတယ်။

လော်ခီးလာ ညီလာခံ မတိုင်ခင် UWSA ရဲ့ ဌာနချုပ် ပန်ဆန်း မြို့ မှာ NCCT အဖွဲ့ဝင် တပ် တချို့ ကို ဖိတ်ခေါ် ပြီး တွေ့ ထား ခဲ့တဲ့ နောက် ပိုင်း သဘော ထား ကွဲ လွဲ မှု တွေ ရှိလာ သလား ဆိုတဲ့ အမေးကို တော့ ဦးအောင်မြင့် က မရှိဘူး လို့ ဖြေ ဆို ပါတယ်။

NCCT အဖွဲ့ဝင် တွေ ကြိုးစား နေတဲ့ NCA လို့ ခေါ်တဲ့ တနိုင်ငံလုံး အပစ်ရပ် သဘောတူ မှု ကို အစိုးရ နဲ့ အကြား တကယ် လက်မှတ် ထိုးပြီး ဖြစ်ပေါ်လာမယ့် နိုင်ငံရေး တွေ့ဆုံပွဲ တွေ ကျရင် UWSA အနေ နဲ့ တက်တက် ကြွကြွ ပါဝင် သွား မှာ ဖြစ်တယ် လို့ လည်း ဦးအောင်မြင့် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ