ရန်ကုန်မြို့မှာ မိုးမပြတ် ရွာသွန်းတဲ့အတွက် ရေကြီး

  • 25 မေ 2015
ဓာတ်ပုံ မူပိုင် bbc
Image caption လမ်းတွေပေါ် ရေတွေလျှံပြီး ရန်ကုန်မြို့နေ လူထု သွားရေး လာရေး အခက်တွေ့

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ အခု ရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့တဲ့အတွက် နေရာတချို့က လမ်းတွေပေါ်မှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ခဲ့ပါတယ်။

မိုးရာသီရောက်လို့ မိုးရွာသွန်းတိုင်း လမ်းတွေပေါ်မှာ ရေတွေ လျှံတက်လာတာမို့ ရန်ကုန်မြို့နေ လူထုအတွက် သွားရေး လာရေး အခက်တွေ့ကြရပါတယ်။

အခုလို ရေတွေ လျှံရတာဟာ ရန်ကုန်မြို့မှာ လူဦးရေ များလာမှု၊ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှု၊ ရေမြောင်း အရွယ်အစား မမှန်ကန်မှု၊ ရန်ကုန် မြစ်ကြောင်း ဒီရေ မြင့်တက် လာနေမှုတွေကြောင့် ဖြစ်တယ်လို့ ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မီတီရဲ့ လမ်းတံတားနဲ့ အင်ဂျင်နီယာဌာနက ဒုတိယ ဌာနမှူး ဦးမင်းခိုင်က ဘီဘီစီကို ပြောပြပါတယ်။

စည်ပင်သာယာရေး ကော်မီတီအနေနဲ့ မိုးမကျခင် ဖေဖော်ဝါရီလကတည်းကိုက ရေမြောင်းချဲ့တာတွေ လုပ်နေပြီး မြေအောက် မြောင်းသစ်တွေ လုပ်ဖို့ နဂိုမြောင်းတွေကို စက်ယန္တရားတွေနဲ့ လူအင်အား သုံးပြီး ဖော်ထုတ်နေတယ်လို့ ပြောပါတယ်။

ဘတ်ဂျက် ရတဲ့အပေါ်မှာ မူတည်ပြီး ဆောင်ရွက်နေကြောင်းနဲ့ မြေအောက်လှိုဏ်ဂူ မြောင်းကြီးတွေ ဖောက်ဖို့ ပညာရှင်တွေက အကြံပြုထားတာတွေ ရှိကြောင်း ဦးမင်းခိုင်က ပြောပါတယ်။