အဆင့်မြင့် ပညာရေး ဥပဒေ အတွက် ဆွေးနွေးခဲ့

student myanmar ဓာတ်ပုံ မူပိုင် AP
Image caption ပညာရေး ပြုပြင်မှု ဆန္ဒပြပွဲတွေ ဖြိုခွဲခံရ

လွှတ်တော် နှစ်ရပ်ကြား အငြင်းပွား နေတဲ့ အမျိုးသား ပညာရေး ဥပဒေ မပြဋ္ဌာန်းနိုင် သေးခင်မှာ အဆင့်မြင့် ပညာရေး ဥပဒေ ရေးဆွဲ ဖို့ နေပြည်တော် လွှတ်တော်ဝင်း အတွင်း က အိုင်တွဲ အဆောင် မှာ အင်္ဂါနေ့ က ဆွေးနွေးခဲ့ပါတယ် ။

အမျိုးသား ပညာရေး ဥပဒေ အတည်မပြု နိုင်ခင်မှာ အဆင့်မြင့် ပညာရေး ဥပဒေ ရေးဆွဲ ပြဋ္ဌာန်း နိုင်ဖို့ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဌာန တာဝန်ရှိသူ တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျောင်းသား ကိုယ်စားလှယ် တွေ ဆွေးနွေး ခဲ့တာပါ ။

အမျိုးသား ပညာရေး ဥပဒေ ကို ၂ ပတ် လောက် အတွင်း အပြတ်ဖြတ် ဆွေးနွေး နိုင်မှာမို့ ဒီလို နောက်ဆက်တွဲ ဥပဒေတွေ ပြဋ္ဌာန်းဖို့ ဆွေးနွေး တာလို့ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ကျော်မြင့် က ပြောပြပါတယ် ။

ဒီအဆင့်မြင့် ပညာရေး ဥပဒေ မှာ လဲ အမျိုးသား ပညာရေး ဥပဒေ တုန်း ကလိုပဲ ထိပ်တိုက် ဆွေးနွေးစရာတွေ ရှိ တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မြေလတ် ဗကသများ အဖွဲ့ချုပ် က ကိုချစ်ဝင်းမောင်က ရှင်းပြ ပါတယ် ။

ဆွေးနွေးပွဲ မှာ တော့ အဆင့်မြင့် ပညာရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် နဲ့ အဆင်မြင့် ပညာနဲ့ အသက်မွေး ဝမ်းကျောင်း နည်းပညာ ကို ဘယ်လို ချိတ်ဆက် ဆောင်ရွက် ကြမလဲ ဆိုတာကို အဓိက ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ် ။

ဆွေးနွေးပွဲ ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် နဲ့ ကျောင်းသား ခေါင်း ဆောင်တွေ တက်ရောက် ဆွေးနွေး ခဲ့ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ