ဖျာပုံ ကမ်းလွန်ပင်လယ်မှာ လှေစီးပြေးသူတွေ ဖမ်းမိ

Boat people arresdted in Burma ဓာတ်ပုံ မူပိုင် EPA
Image caption မေလ ၂၁ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမှာ ဘင်္ဂလားဒေ့ရှိကလာတဲ့ လူ ၂၀၀ ကျော်ကို ဖမ်းမိခဲ့

မေလ ၂၉ ရက်နေ့ မနက် ၆နာရီခွဲအချိန်က ဖျာပုံ အရှေ့ဖက် ကမ်းလွန် ပင်လယ်ပြင်မှာ မြန်မာ စစ်ရေယာဉ် တစ်စီးက လူ ၇၂၇ ယောက် ပါတဲ့ ငါးဖမ်းင်္ဘော တစ်စီးကို ဖမ်းမိခဲ့ပါတယ်။

အဲဒီ သင်္ဘာပေါ်မှာ အမျိုးသား ၆၀၈ ယောက်၊ အမျိုးသမီး ၇၄ ယောက်နဲ့ ကလေး ၄၅ ယောက် ပါဝင်ပြီး အများစုက ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဖြစ်တယ်လို့ ကနဦး သတင်းတွေအရ သိရကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက ဘီဘီစီ ကို ပြောပါတယ်။

ဖျာပုံ မြို့နယ် ဓမင်းဆိပ် ကျေးရွာရဲ့ အရှေ့ဖက် ကမ်းလွန်မှာ ငါးဖမ်းလှေ မသင်္ကာစရာ လှေတစ်စီးကို တွေ့ရတဲ့ အတွက် ရေတပ် သင်္ဘောက စစ်ဆေးရာက ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ဖမ်းမိခဲ့တာလို့ သူက ပြောပါတယ်။

အဲဒီ လှေစီးဒုက္ခသည် တွေကို မြစ်ဝ ကျွန်းပေါ် ဘက်ကို ကပ်ခွင့် မပေးဘဲ မြန်မာ ရေတပ်စခန်း ဌာနချုပ် ရှိရာ ဟိုင်းကြီးကျွန်းကို ဆက်လက် ခေါ်ဆောင် သွားတယ်လို့လည်း ဦးဇော်ဋ္ဌေးက ပြောပါတယ်။

အဲဒီလူတွေ ဘယ်နိုင်ငံက ထွက်ခွာလာတယ် ဆိုတာနဲ့ အသေးစိတ် အချက် အလက်တွေကို ဆက်လက် စစ်ဆေးသွားမယ်လို့ လည်း သူက ပြောပါတယ်။

မလေးရှား၊ ထိုင်း နိုင်ငံတို့က လူမှောင်ခိုမှုတွေကို တင်းတင်းကျပ်ကျပ် အရေးယူ ဆောင်ရွက်နေတာတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကနေ လှေစီးရွှေ့ပြောင်း လာကြသူတွေဟာ သူတို့ နိုင်ငံဘက်ကို လှည့်ပြန်ရာက အခွင့်သာ မလားလို့ မြန်မာ နိုင်ငံဘက်ကို ဝင်လာကြတာလို့ ယူဆကြောင်း ဦးဇော်ဋ္ဌေးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ