ကု​လ​လုံခြုံ​ရေး​ကောင်​စီ​မှာ မြန်မာ​အရေး ပထမ​ဆုံး​အကြိမ် ပြော​ကြားလာ

un_security_council_ ဓာတ်ပုံ မူပိုင် AP
Image caption ကုလသမဂ္ဂ ရဲ့ လူ့ အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးက မြန်မာ နိုင်ငံ ရဲ့ လူ့ အခွင့်အရေး ဆိုင်ရာ အခြေအနေ တွေ နဲ့ ပတ်သက်ပြီး လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံ တွေ ကို ဗီဒီယို က နေ တဆင့် ပြော ကြား။

မေလ ၂၈ ရက် နေ့ က ကုလသမဂ္ဂ ရဲ့ လုံခြုံရေး ကောင်စီ အတွင်း မှာ မြန်မာ နိုင်ငံ အကြောင်း ကို ပထမဆုံး အကြိမ် ပြော ကြား လာ ခဲ့ ပါတယ်။

ကုလသမဂ္ဂ ရဲ့ လူ့ အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ဇိုင်အိဒ် ရအာ့ဒ် အယ်လ် ဟူစိန် က မြန်မာ နိုင်ငံ ရဲ့ လူ့ အခွင့်အရေး ဆိုင်ရာ အခြေအနေ တွေ နဲ့ ပတ်သက်ပြီး လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံ တွေ ကို ဗီဒီယို က နေ တဆင့် ပြော ကြား ခဲ့တာ ဖြစ်ပါတယ်။

ရခိုင် ပြည်နယ် မှာ ရိုဟင်ဂျာ မွတ်ဆလင်မ် တွေ တွေ့ကြုံ ခံစား နေရတာ တွေ အပါအဝင် ဆက်စပ်ပြီး ဖြစ်ပေါ် နေတဲ့ အရှေ့တောင် အာရှ ဒေသတွင်း နိုင်ငံ တွေ ရင်ဆိုင် နေရ တဲ့ လှေစီးပြေး ရွှေ့ပြောင်း ဒုက္ခသည် တွေ အရေး ကို အာရုံ စိုက် ပြောကြား ခဲ့တာ ဖြစ်တယ် လို့ လုံခြုံရေး ကောင်စီ အဖွဲ့ ဝင် နိုင်ငံ တွေ ရဲ့ ကိုယ်စားလှယ် တွေ က ပြောပါတယ်။

လုံခြုံရေး ကောင်စီ အဖွဲ့ ဝင် နိုင်ငံ တွေ ဘက် ကလည်း သက်ဆိုင်ရာ နိုင်ငံ တွေ အနေနဲ့ ဖြစ်ပေါ် နေတဲ့ ပြဿနာ ရဲ့ အရင်းအမြစ် ကို ကိုင်တွယ် ကြဖို့ တောင်းဆို လိုက် ကြပြီး မေလ ၂၉ ရက် နေ့ ထိုင်းနိုင်ငံ မှာ ကျင်းပ မယ့် လှေစီး ဒုက္ခသည် အကြပ်အတည်း အတွက် ဆွေးနွေး ပွဲ ကို လည်း ကြိုဆို ခဲ့ ပါတယ်။

လုံခြုံ ရေး ကောင်စီ မှာ မြန်မာ နိုင်ငံ အကြောင်း အခု လို ပထမ ဆုံး အကြိမ် အနေ နဲ့ ပြော ကြား လာ ပေမယ့် လုံခြုံ ရေး ကောင်စီ ကနေ တစုံတရာ အရေးယူ ဆုံးဖြတ်တာ မျိုး ချက်ခြင်း လုပ်ဆောင် လာဖို့ မမျှော်လင့် နိုင် ကြောင်း သုံးသပ် နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ