တပ်​မတော်​အရာရှိ​တွေ အငြိမ်းစား​ယူ​ပြီး ​ကိုယ်စားလှယ်အနေ​နဲ့ ရွေး​ကောက်​ပွဲဝင်​ရင် ကြိုဆို​မယ်

  • 31 မေ 2015
_usdp_ ဓာတ်ပုံ မူပိုင် usdp
Image caption အမျိုးသား အကျိုးစီးပွား အတွက် ဆိုရင် ဘယ်ပါတီ ဘယ် အဖွဲ့ အစည်း နဲ့ မဆို ညှိနှိုင်း ဆောင် ရွက် ဖို့ ဆိုတာ ကြံ့ခိုင် ရေး ပါတီ က ချမှတ် ထားတဲ့ ပူးပေါင်း ဆောင်ရွက် ရေး မူဝါဒ ဖြစ်တယ် လို့ သူရ ဦးရွှေမန်း က ဆိုပါတယ်။

ပါတီ ရဲ့ အကျိုး စီးပွား နဲ့ နိုင်ငံရဲ့ အကျိုး စီးပွား ယှဉ်လာခဲ့ ရင် နိုင်ငံ ရဲ့ အကျိုး စီးပွား ကို ဦးစား ပေး ဆောင်ရွက် မယ် လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ရဲ့ ဥက္ကဌ သူရ ဦးရွှေမန်း က ပြောလိုက် ပါတယ်။

မေလ ၃၀ ရက် နေ့က ကျင်းပခဲ့တဲ့ ကြံခိုင်ရေး ပါတီ ရဲ့ စတုတ္ထ အကြိမ် ဗဟိုကော်မတီ အစည်းအဝေး မှာ အခုလို ပြော ကြားခဲ့တာ ဖြစ် ပါတယ်။

အမျိုးသား အကျိုးစီးပွား အတွက် ဆိုရင် ဘယ်ပါတီ ဘယ် အဖွဲ့ အစည်း နဲ့ မဆို ညှိနှိုင်း ဆောင် ရွက် ဖို့ ဆိုတာ ကြံ့ခိုင် ရေး ပါတီ က ချမှတ် ထားတဲ့ ပူးပေါင်း ဆောင်ရွက် ရေး မူဝါဒ ဖြစ်တယ် လို့လည်း သူရ ဦးရွှေမန်း က ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ မှာ ကြံ့ခိုင်ရေး ပါတီ အောင်နိုင် မယ်လို့ ယုံကြည် မှု ရှိကာ ရွေးကောက်ပွဲ လွန် မြန်မာ့ နိုင်ငံရေး မှာ ကြံခိုင်ရေး ပါတီ ရဲ့ ဦးဆောင် မှု အခန်း ကဏ္ဍ နဲ့ ပတ်သက်လို့ လည်း ဗဟိုကော်မတီ အစည်းအဝေး မှာ ဆွေးနွေး ခဲ့ ကြတယ် ဆိုပြီး ဗဟို ကော်မတီဝင် ဦးတင့်ဇော် က ဘီဘီစီ ကို ပြောပါတယ်။

ကြံ့ခိုင်ရေး ပါတီ မှာ အင်အား ၅သန်း ၂ သိန်း ဝန်းကျင် ရှိကာ နိုင်ငံ နဲ့ အဝှမ်း အောက်ခြေ ကျေးရွာ နဲ့ ရပ်ကွက် အဆင့် အထိ စံနစ်တကျ ဖွဲ့စည်း ထားနိုင် တဲ့ တစ်ခုတည်း သော ပါတီ ကြီး ဖြစ်တယ် လို့လည်း ဦးတင့်ဇော် က ဆိုပါတယ်။

ကြံခိုင်ရေး ပါတီ ဟာ နိုင်ငံရေး ပါတီ အသွင် မကူး ပြောင်းခင် ကတည်း က တပ်မတော် ကနေ ထူထောင် ပေး ခဲ့တဲ့ အဖွဲ့ အစည်း ဖြစ်တာ နဲ့ အညီ တပ်မတော် နဲ့ နီးစပ်ကာ တပ်မတော် က ထိပ်တန်း အရာရှိ ဟောင်း ကြီး တွေ က ပါတီ ကို ဦးဆောင် နေတာ ဖြစ်တယ် လို့ လည်း ဦးတင့်ဇော် က ပြောပါတယ်။

အခု ၂၀၁၅ ရွေးကောက်ပွဲ မှာလည်း ပါတီ က သတ်မှတ် ထားတဲ့ ကိုယ်စားလှယ် လောင်း အရည်အချင်း တွေ နဲ့ ကိုက် ညီ ရင် တပ်မတော် အရာရှိ တွေ အငြိမ်းစား ယူပြီး ကြံခိုင်ရေး ပါတီ ဝင် အနေ နဲ့ ဝင်ရောက် ယှဉ်ပြိုင် မှာ ကို ကြိုဆို သွားမယ် လို့ ဦးတင့်ဇော် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ