ဝှိုက်ကဒ်အစား အစိမ်းရောင်ကဒ် ထုတ်ပေးမယ်

  • 30 မေ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ဝှိုက်ကဒ် ကိုင်ဆောင်သူတွေကို လမကုန်ခင် ပြန်အပ်ဖို့ အစိုးရက ကြေညာထား

ယာယီ သက်သေခံ လက်မှတ် ဝှိုက်ကဒ် ပြန်လည် အပ်နှံ သူတွေကို နိုင်ငံတွင်း သွားလာ နေထိုင်ခွင့် ရှိတဲ့ အစိမ်း ရောင်ကဒ်ပြားတွေ အစားထိုး ထုတ်ပေး မယ်လို့ လူဝင်မှု ကြီးကြပ်ရေး နဲ့ မှတ်ပုံတင် ဦးစီးဌာန ဒုတိယ ညွှန်ကြား ရေးမှူး ဦးစိုင်းဘမင်း က ဘီဘီစီကို ပြောပါတယ်။

အဲဒီကဒ် တွေကို ရှေ့လထဲမှာ စပြီး ထုတ်ပေးနိုင်ဖို့ ပြင်ဆင် နေတယ် လို့လည်း သူက ဆိုပါတယ်။

သူတို့ရဲ့ မဲပေး ပိုင်ခွင့်နဲ့ ပတ်သက်လို့ ကတော့ ရွေးကောက်ပွဲ ဥပဒေ အတိုင်းဆုံးဖြတ် မှာ ဖြစ်ပြီး၊ တကယ်လို့ နိုင်ငံသား အဖြစ် လျှောက်ထား ချင်ရင်လည်း ဥပဒေ အတိုင်း ဆက်လက် လျှောက်ထား နိုင်တယ်လို့ ဦးစိုင်းဘမင်း က ပြောပါတယ်။

မေလ ၃၁ ရက်နေ့မှာ ဝှိုက်ကဒ် တွေကို နောက်ဆုံးထား အပ်နှံဖို့ အစိုးရက ကြေညာ ထားပြီး၊ မေလ ၂၈ ရက်နေ့ အထိလာ ရောက်အပ်နှံသူ စုစုပေါင်း ၄သိန်း တသောင်း ကျော်ရှိတယ်လို့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီက ပြောပါတယ်။