မြဝတီ-ကော့ကရိတ်ကြားက အကောက်ဂိတ်အရေအတွက် လျှော့ချမယ်

_knu_knla_soldiers ဓာတ်ပုံ မူပိုင် Reuters
Image caption ကေအင်ယူ တပ်မဟာ ၇ ဌာနချုပ် မှာ ကရင့် လက် နက်ကိုင်များ ညီညွတ်ရေး ကော်မီတီ အရေးပေါ် အစည်းအဝေး တစ်ရပ် ကျင်း ပ ခဲ့။

ကေအင်ယူ တပ်မဟာ ၇ ဌာနချုပ် မှာ ကရင့် လက် နက်ကိုင်များ ညီညွတ်ရေး ကော်မီတီ အရေးပေါ် အစည်းအဝေး တစ်ရပ် ကျင်း ပ ခဲ့တာ မှာ မြဝတီနဲ့ ကော့ကရိတ် အကြား ကရင် လက်နက်ကိုင် အဖွဲ့ အစည်းအသီးသီး က ဖွင့်လှစ် ထားတဲ့ အကောက် ဂိတ် အရေ အတွက် တွေ လျှော့ချ ဖို့ ဆွေး နွေး ခဲ့ ကြ ပါတယ်။

မြဝတီ နဲ့ ကော့ကရိတ် အကြား အကောက် ဂိတ် ၂ ခု ပဲ ထားပြီး ကရင် လက်နက်ကိုင် တပ် တွေ အကြား ခွဲဝေ ကြဖို့ ဆွေးနွေး ထားတယ် ဆိုပြီး ကေအင်ယူ တွဲဖက် အတွင်းရေးမှူး ၁ ဗဒို သောသီဘွဲ က ဘီဘီစီ ကို ပြောပါတယ်။

လောလောဆယ် အဲဒီ့ လမ်းကြော မှာ ကရင်တပ် အသီးသီး ဖြစ်တဲ့ DKBA၊ KNLA၊ KNU/KNLA Peace Council စတဲ့ အဖွဲ့တွေ ဖွင့်ထား တဲ့ အကောက် ဂိတ် ၈ ရှိပြီး ဂိတ်တိုင်း မှာ ငွေကြေး တွေ ပေး နေရတဲ့ အတွက် အဲဒီ့ လမ်း ကို အသုံးပြု နေကြ တဲ့ ကုန်သည် နဲ့ ခရီးသွား တွေ ငြီးငြူ လာရတယ် လို့ လည်း ဆိုပါတယ်။

အဲဒီ့ အစည်း အဝေး မှာ ကရင် လက်နက်ကိုင် အချင်းချင်း ကြားမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ၊ မြေယာ ကိစ္စတွေ နဲ့ မူးယစ် ဆေးဝါး ကိစ္စတွေ ကိုလည်း ဆွေးနွေး ခဲ့ ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ