လေးလပတ် အစည်းအဝေး ထူးခြားမယ်ဆို

  • 1 ဇွန် 2015
min hlaing ဓာတ်ပုံ မူပိုင် Reuters
Image caption ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၆ မှာ အသက် ၆၀ ပြည့်မှာ

တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင် တွေ တက်ရောက် နေတဲ့ လေးလပတ် အစည်းအဝေး ကို နေပြည်တော် မှာ မေလ ၂၉ ရက် က စတင် ပြုလုပ် နေပါပြီ ။

ပုံမှန် လေးလ တကြိမ် ပြုလုပ် ပေမယ့် အခု အကြိမ် ပြုလုပ်မယ့် လေးလပတ် အစည်းအဝေး မှာတော့ ထူးခြားမှုတွေ ရှိလာ လိမ့်မယ် လို့ လေ့လာသူ တွေက ဆိုပါတယ် ။

နေပြည်တော် မှာ အခုပြုလုပ်တဲ့ လေးလပတ် အစည်းအဝေး မှာတော့ တပ်မတော် ထိပ်ပိုင်း ခေါင်း ဆောင် ရာထူး တွေ အပြောင်း အလဲ အတွက် ဆွေးနွေး ကြလိမ့်မယ် လို့ သုံးသပ် နေပါတယ် ။

လက်ရှိ တပ်မတော် တတိယ ခေါင်းဆောင် ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ပြည်ထောင်စု ဝန်ကြီး တာဝန် ထမ်းဆောင် နေတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး တွေ နဲ့ စစ်ဆင်ရေး အထူး အဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး က လွဲလို့ ကျန်ဒုတိယ ဗိုလ်ချုပ်ကြီး တွေ ဟာ ဒီနှစ်ပိုင်း တွေမှာ အသက် ၆ဝ ပြည့်ပြီး ပင်စင် ယူ ရတော့မှာ ဖြစ်ပါတယ် ။

လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လည်း ၂၀၁၆ ခုနှစ် မှာ အသက် ၆၀ ပြည့်မှာ ဖြစ်ပါတယ်။

ဒါကြောင့် အနားယူမယ့် သူတွေ နေရာမှာ အစားထိုးမဲ့ လူတွေကို အခု လေးလပတ် အစည်းအဝေး မှာ ရွေးချယ် ကြမှာ ဖြစ်ပါတယ် ။

တပ်မတော် က အနားယူမယ့် လူအများစုဟာ ၂ဝ၁၅ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိတယ် လို့ ပြည်ခိုင်ဖြိုး ပါတီက ထိပ်ပိုင်း ခေါင်းဆောင် တွေက ပြောပါတယ် ။

ရွေးကောက်ပွဲ ဥပဒေ အရ ရွေးကောက်ပွဲ ကျင်းပမယ့် ရက် ကို တော့ ဇူလိုင်လ ဒုတိယပတ် ကနေ ဩဂုတ်လ ပထမ ပတ်ကြား ကြေညာ ပေးရမှာ ဖြစ်ပါတယ်။

အဲဒီလို ကြေညာ ပြီးတဲ့နောက်မှာတော့ ရွေးကောက်ပွဲဝင်မဲ့တပ်တော် သားတွေ ဟာ တပ်မတော်က ထွက်ရမှာ ဖြစ်ပါတယ် ။

အခု ကျင်းပနေတဲ့ လေးလပတ် အစည်းအဝေး မှာ ကိုးကန့် တိုက်ပွဲ ကိစ္စနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တို့ကို ဆွေးနွေးနိုင် ပါတယ် ။

ကိုးကန့်တိုက်ပွဲနဲ့ ပတ်သက်ပြီး မြန်မာ့တပ်တော် ရဲ့ စွမ်းဆောင်ရည် ကို အမျိုးမျိုး ဝေဖန် သုံးသပ် နေကြပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ