မြန်မာနယ်စပ် အနီး တရုတ် စစ်ရေးလေ့ကျင့်မယ်

  • 1 ဇွန် 2015
Image caption မြန်မာဘက်က လက်နက်ကြီး ကျလို့ တရုတ် အရပ်သားတွေ သေဆုံး ခဲ့တဲ့ နေရာ အနီးမှာ လေ့ကျင်မယ်

မြန်မာ နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ် အနီးမှာ တရုတ် နိုင်ငံ ကနေ အင်္ဂါနေ့က စလို့ စစ်ရေး လေ့ကျင့်မယ်လို့ ကြေညာလိုက် ပါတယ်။

ဒီစစ်ရေး လေ့ကျင့်မှု အတွင်း ကြည်းတပ် လေတပ် နှစ်ခု စလုံး ပါဝင်မှာ ဖြစ်ပြီး ကျည်ဆံ အစစ် တွေကို အသုံးပြု သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အချိန် ဘယ်လောက် ကြာမယ်၊ အင်အား ဘယ်လောက် သုံးမယ် ဆိုတာ ကိုတော့ မသိရှိ ရသေးပါ။

ဒါဟာ မတ်လက ဖြစ်ပွား ခဲ့တဲ့ မြန်မာ ဘက်က ပစ်မှတ် လွဲချော် ဗုံးကျ ရောက်မှု ဖြစ်စဉ် အပြီး တရုတ်တို့ ဘက်က မြန်မာ နယ်စပ် အနီးမှာ ပြုလုပ်တဲ့ ပထမဆုံး ဝေဟင် နဲ့ မြေပြင် စစ်ရေး လေ့ကျင့် မှုလည်း ဖြစ်ပါတယ်။

ကိုးကန့် ဒေသမှာ ဖြစ်နေတဲ့ တိုက်ပွဲ တွေကြောင့် တရုတ်ဟာ သူတို့ အတွက် တစုံတရာ ထိခိုက်မှု ရှိတယ်လို့ ယူဆကြောင်း၊ နောက်ပြီး အချုပ် အချာ ပိုင်တဲ့ နယ်မြေ ကို ထိန်းသိမ်း ကာကွယ် ဖို့ လိုအပ် တယ်လို့ ယူဆတဲ့ သဘောကြောင့် အခုလို စစ်ရေး လေ့ကျင်မှု လုပ်တာ လို့၊ မြန်မာ့ နိုင်ငံရေး လေ့လာသူ စာရေး ဆရာ ဦးသန်းစိုးနိုင်က ပြောပါတယ်။

နှစ်နိုင်ငံ နယ်ခြား တည်ငြိမ်ရေး ကို မတည်ဆောက် နိုင်ရင်တော့၊ နှစ်ဘက် စစ်တပ် အကြား ဆက်ဆံရေး ဟာ တစုံ တရာ အပြောင်း အလဲ ဖြစ်လာ လိမ့်မယ်လို့ ဆရာ ဦးသန်းစိုးနိုင်က သုံးသပ် ပါတယ်။

တရုတ် ကာကွယ်ရေး ဝန်ကြီး ဌာန ကတော့ စစ်ရေး လေ့ကျင့် နေစဉ် အတော အတွင်း အဲဒီ ဒေသကို လေယာဉ်တွေ ရှောင်ကွင်း ပျံသန်း ကြဖို့ကို သတိ ပေးထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ