မြန်မာယူ ၂၃ အိမ်ရှင် စင်္ကာပူကို အနိုင်ရ

  • 4 ဇွန် 2015
_myanmar_u23_ ဓာတ်ပုံ မူပိုင် AFP
Image caption ကျားကုတ်ကျားခဲ အနိုင်ကျဲခဲ့တဲ့ မြန်မာ စင်္ကာပူပွဲ

စင်္ကာပူ နိုင်ငံမှာ ကျင်းပ နေတဲ့ ၂၈ ကြိမ် မြောက်အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲရဲ့ ဘောလုံးပွဲစဉ် တွေမှာ ဒီနေ့ မြန်မာနဲ့ အိမ်ရှင် စင်္ကာပူတို့ ယှဉ်ပြိုင် ကစားခဲ့ ရာမှာ မြန်မာ အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင် ရရှိခဲ့ပါတယ်။

ပထမပိုင်း ၂၄ မိနစ်မှာ မြန်မာအတွက် နေလင်းထွန်းက ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် ၉ မိနစ်အကြာ ၃၃ မိနစ်မှာ ပင်နယ်တီက တဆင့် စင်္ကာပူ အသင်းက ဖရစ္စ ပြန်လည် ခြေပနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ တဘက်တဂိုးစီနဲ့သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ တဘက်နဲ့ တဘက် အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ကြပေမယ့် ဂိုးမရဘဲ ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် မိနစ် ၆၀ မှာ မြန်မာ အသင်းအတွက် ရဲကိုဦးက ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့လို့ မြန်မာ အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ကစားနိုင်ခဲ့ပါတယ်။ စင်္ကာပူဘက်က ပြန်လည် ချေပဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးမရဘဲ ဖြစ်နေခဲ့ပါတယ်။

ဒီလိုနဲ့ ပွဲချိန် မိနစ် ၉၀ ပြည့်တဲ့အထိနဲ့ နာကျင် အချိန်ပို ၄ မိနစ် ပြည့်တဲ့အထိ မြန်မာ အသင်းက အဲဒီ အနိုင် ၁ ဂိုးကို ထိန်းပြီး ကစားသွား နိုင်ခဲ့တဲ့အတွက် ပွဲပြီးတဲ့အချိန်မှာ မြန်မာ အသင်းက အိမ်ရှင် စင်္ကာပူကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရသွားခဲ့ပါတယ်။

လက်ရှိအချိန်အထိ မြန်မာပါဝင်တဲ့ အုပ်စု က မှာ မြန်မာက ၂ ပွဲကစား ၂ ပွဲနိုင် ၆ မှတ် ဂိုးကွာခြားချက် အပေါင်း ၃ နဲ့ အုပ်စု ပထမနေရာက ဦးဆောင်နေပါတယ်။