လော်ခီးလာ အစည်းအဝေး တရက် ထပ်တိုး

  • 6 ဇွန် 2015
lawkheela_ncct_meeting
Image caption NCCT ညှိနှိုင်းရေးအဖွဲ့ အနာဂတ် ဆုံးဖြတ်မယ်

တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး မူကြမ်း ကို လက်မှတ်ထိုး နိုင်ဖို့ ကေအန်ယူ နယ်မြေ လော်ခီးလာ စခန်း မှာ ကျင်းပ နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင် တွေ အစည်းအဝေး ကို တနင်္ဂနွေ နေ့ တရက် ထပ်တိုး ပြီး ကျင်းပ ဖို့ ဆုံးဖြတ် ခဲ့ကြပါတယ်။

၅ ရက်ကြာ ကျင်းပ နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တွေရဲ့ ထိပ်သီး ညီလာခံ ကို စနေနေ့ အပြီးသတ်ဖို့ မူလက ရည်ရွယ် ထားပေမယ့် ဆွေးနွေးမှုတွေ မပြီးပြတ် သေးတဲ့ အတွက် တရက် ထပ်တိုးပြီး ဆက် ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

အဲဒီ ဆွေးနွေးမှု တွေ မှာ အန်စီစီတီ တိုင်းရင်းသား ကိုယ်စားပြု ညှိနှိုင်းရေး အဖွဲ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဆုံးဖြတ် ကြမှာ ဖြစ်သလို အစိုးရနဲ့ ဆက်လက် ဆွေးနွေးမယ့် တိုင်းရင်းသား ကိုယ်စားလှယ် တွေရဲ့ ဖွဲ့စည်းပုံ အပြင် အပစ်ရပ် စာချုပ် မှာ ဘယ်အဖွဲ့ တွေ ပါဝင်လက် မှတ်ရေး ထိုး မလဲ ဆိုတာတွေ ကို ဆုံးဖြတ် ကြမှာ ဖြစ်ပါတယ်။

အစိုးရနဲ့ နောက် တကြိမ် ၂ ကြိမ်လောက် ထပ်တွေ့ ပြီးရင် အပစ်ရပ် သဘော တူညီမှုတွေ ရဖို့ မခက်ခဲနိုင်ဘူး လို့ ဆွေးနွေးပွဲ တက်နေတဲ့ ကေအန်ယူ ကရင် အမျိုးသား အစည်းအရုံး တွဲဘက် အတွင်းရေးမှူး ၂ ဖဒို မန်းမန်း က ပြောပါတယ်။

ကိုးကန့်၊ ပလောင်နဲ့ ရခိုင် လက်နက်ကိုင် အဖွဲ့တွေ အန်စီစီတီ က ထွက်မယ် ဆိုတဲ့ ကိစ္စ ကို ဒီစာချုပ်မူကြမ်း ကိစ္စ ပြီးမှ ဆွေးနွေးကြမယ် လို့ သူက ပြောပါတယ်။

အစည်းအဝေး ရက်တွေ အတွင်း ဖက်ဒရယ် မူဝါဒလို နိုင်ငံရေး ဆိုင်ရာတွေနဲ့ တပ်ပိုင်း ဆိုင်ရာ ကိစ္စတွေကို လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေ အကြိတ် အနယ် ဆွေးနွေး ခဲ့ကြတယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ