ဒီနှစ် ဆယ်တန်း အောင်ချက်ကောင်း

  • 6 ဇွန် 2015
Image caption ည သန်းခေါင်ကျော် အချိန်မှာ အောင်စာရင်းစတင် ထုတ်ပြန်

၂၀၁၅ ခုနှစ် ဆယ်တန်း စာမေးပွဲ အောင်စာရင်း တွေ ဒီကနေ့ ထုတ်ပြန် ကြေညာ ရာမှာ တနိုင်ငံလုံး အတိုင်း အတာနဲ့ အောင်ချက် ၃၇.၆ % ရှိတယ်လို့ မြန်မာ နိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာနက ထုတ်ပြန် ပါတယ်။

ဒါဟာ ပြီး ခဲ့တဲ့ (၄) နှစ်တာ ကာလ အတွင်း အောင်ချက် ရာနှုန်း အများဆုံးလည်း ဖြစ်ပါတယ်။

တနိုင်ငံ လုံးမှာ စာမေးပွဲ ဖြေဆိုသူ ၆ သိန်း နီးပါး ရှိတဲ့အနက် (၂)သိန်း (၂)သောင်းကျော် အောင်မြင်ခဲ့ ပါတယ်။

တိုင်းနဲ့ပြည်နယ် အလိုက် ကြည့်ရင်တော့ ဧရာဝတီ တိုင်းမှာ ၅၁ ရာနှုန်းနဲ့ အောင်ချက် အမြင့်ဆုံး ဖြစ်ပြီး အနည်းဆုံး ဖြစ်တဲ့ ချင်းပြည်နယ် မှာ ၁၇ ရာနှုန်း သာ အောင်မြင် ကြပါတယ်။