ပဋိပက္ခတွေ အပေါ် မီဒီယာတွေ ဘယ်လိုတင်ဆက်သလဲ သုတေသနပြုနေ

burma_press ဓာတ်ပုံ မူပိုင် AFP
Image caption ပုံနှိပ် နဲ့ အသံလွှင့် မီဒီယာ တွေ မှာ ထက် စာရင် ဆိုရှယ် မီဒီယာ လို့ ခေါ်တဲ့ အင်တာနက် လူမှု ကွန်ရက် တွေ ပေါ် အမုန်းတရား ဖြန့်ဝေ ရေးသားနေမှု တွေ များပြားနေ။

မြန်မာ လူမှု အသိုင်းအဝိုင်း ထဲ မှာ နိုင်ငံရေး၊ လူမျိုးရေး နဲ့ ဘာသာရေး စတဲ့ အကဲဆတ် ထိခိုက် လွယ်တဲ့ ကိစ္စ ချင်းရာ တွေ နဲ့ ပတ်သက်တဲ့ ပဋိပက္ခ တွေ အပေါ် သတင်း မီဒီယာ တွေ ရဲ့ တင်ဆက်ပုံ တင်ဆက် နည်း တွေ ကို လေ့ လာ သုတေသန ပြု နေတယ် ဆိုပြီး လွတ်လပ်စွာ ဖော် ထုတ်ခွင့် အတွက် လှုပ်ရှား နေတဲ့ PEN MYANMAR အဖွဲ့ က ပြောပါတယ်။

သုတေသန စာတမ်း ကို အပြီး သတ် နိုင်ပြီ ဆိုရင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ နဲ့ တွေ့ရှိချက် တွေ ကို အစီရင် ခံစာ ရေး သား မှာ ဖြစ်ပြီး အုပ်ချုပ်ရေး နဲ့ ဥပဒေပြုရေး ကဏ္ဍ တွေ က အာဏာပိုင် တွေ အတွက် အကြံ ပြုချက် တွေ ထည့်သွင်း သွား မှာ ဖြစ်တယ် လို့ အဲဒီ့ စီမံကိန်း ကို ဦးဆောင် လုပ်ကိုင် နေတဲ့ နိုင်ငံရေး သုတေသီ ဒေါ်ခင်မမမျိုး က ဘီဘီစီ ကို ပြောပါတယ်။

တွေ့ရှိ ထားချက် တွေ အရ ပုံနှိပ် နဲ့ အသံလွှင့် မီဒီယာ တွေ မှာ ထက် စာရင် ဆိုရှယ် မီဒီယာ လို့ ခေါ်တဲ့ အင်တာနက် လူမှု ကွန်ရက် တွေ ပေါ် အမုန်းတရား ဖြန့်ဝေ ရေးသား နေမှု တွေ များပြား နေတယ် လို့ လည်း ဒေါ်ခင်မမမျိုး က ဆိုပါတယ်။

လွတ်လပ်စွာ ဖော်ထုတ် မှု ဟာ အမုန်းတရား ဖြန့်ချီ ခြင်း နဲ့ ကွာခြား ပြီး လူ့ အဖွဲ့ အစည်း ကို နောက်ဆက် တွဲ ထိခိုက် မှု ရှိ စေရ မှာ မဟုတ် ဘူး လို့ လည်း ဒေါ်ခင်မမမျိုး က ရှင်းပြ ပါတယ်။

အခု သုတေသန အစီရင်ခံ စာ ကို လာမယ့် နိုဝင်ဘာ လကုန် မှာ အပြီးသတ် မှာ ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက် PEN MYANMAR ညီလာခံ မှာ တင်သွင်းသွား မှာ ဖြစ်တယ်လို့ ဒေါ်ခင်မမမျိုး က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ