လော်ခီးလာညီလာခံ အသေးစိတ်အချက်တွေ ထွက်မလာသေး

_lawkheelar_ncct
Image caption လော်ခီးလာညီလာခံ တစ်ရက်တိုးကျင်းပ။

ကေအန်ယူ ထိန်းချုပ်နယ်မြေ လော်ခီးလာ မှာ ပြုလုပ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ ရဲ့ ထိပ်သီး ညီလာခံ ကို ဒီနေ့ ဇွန် ၇ ၇က် နေ့ မှာပါ တစ်ရက် တိုး ကျင်း ပ မှာ ဖြစ် ပါတယ်။

အစိုးရ ကိုယ်စားလှယ် တွေနဲ့ အကြား NCCT လုပ်ငန်း အဖွဲ့ အနေနဲ့ ရယူ ထားတဲ့ တနိုင်ငံလုံး အပစ်ရပ် သဘောတူ မူကြမ်း ကို NCCT အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ ရဲ့ ထိပ်သီး ခေါင်းဆောင် တွေ က အတည်ပြု ပေးနိုင်ဖို့ အခု လော်ခီးလာ ညီလာခံ မှာ သုံးသပ် နေကြ တာ ဖြစ်ပါတယ်။

ဘယ်လို ပြင်ဆင် ပြောင်းလဲမှု တွေ ပြုလုပ်ခဲ့တယ် ဆိုတဲ့ အသေးစိတ် အချက် အလက် တွေ တော့ ထွက် ပေါ် မလာသေးပါဘူး။

တခါ ကိုးကန့် MNDAA တပ်၊ တအာင်း ပလောင် TNLA တပ် နဲ့ ရခိုင် AA တပ် တွေ ရဲ့ NCCT အဖွဲ့ ဝင် အဖြစ် ကနေ နှုတ်ထွက် ဖို့ တင်ပြ တောင်းဆိုထားတဲ့ အပေါ် မှာလည်း ဆုံးဖြတ်ချက် ချဖို့ ရှိ နေပါတယ်။

အပစ်ရပ် ဆွေးနွေး နေချိန် မှာပဲ အစိုးရ အနေနဲ့ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးစု နယ် မြေ တွေ မှာ စစ်ရေး အရှိန် မြှင့် လာကြ တဲ့ အပြင် ငြိမ်းချမ်းရေး ဆွေးနွေး ဘက် တွေ အဖြစ် အသိအမှတ် မပြု တဲ့ အတွက် အခုလို NCCT အဖွဲ့ ကနေ နှုတ်ထွက် ဖို့ တင်ပြ ထားတာ ဖြစ် တယ် လို့ TNLA တပ်ရဲ့ ပြောခွင့်ရ တာပန်လှ က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ