ပြည်​သူ့​ဂုဏ်​ရည်​ဆု အကျဉ်း​စံ ဗ​က​သ မ​ဖြိုး⁠ဖြိုး​အောင် ဆွတ်​ခူး

  • 8 ဇွန် 2015
phyo_phyo_aung ဓာတ်ပုံ မူပိုင် AP
Image caption ကိုယ်ကျိုး စွန့်လွှတ် အနစ်နာခံ မှု၊ ကျယ်ပြန့် ထိရောက် မှု နဲ့ နိုင်ငံသား တွေ အတွက် စံပြ ဖြစ်မှု ဆိုတဲ့ အခြေခံ မူ တွေ နဲ့ ရွေးချယ် ဆုပေး တာ ဖြစ်။

မြန်မာပြည် အကျိုး ထူးခြား ဆောင်ရွက် သူတွေ အဖြစ် နိုင်ငံတကာ ရောက် မြန်မာ မိသားစု အသိုင်းအဝိုင်း က ရွေးချယ် ပေးအပ် တဲ့ ပြည်သူ့ ဂုဏ်ရည် ဆု ကို ဒီနှစ် အတွက် လက်ရှိ အကျဉ်းကျခံ နေရတဲ့ ဗကသ ကျောင်းသူ မဖြိုးဖြိုးအောင် က ရရှိ သွားပါတယ်။

ကိုယ်ကျိုး စွန့်လွှတ် အနစ်နာခံ မှု၊ ကျယ်ပြန့် ထိရောက် မှု နဲ့ နိုင်ငံသား တွေ အတွက် စံပြ ဖြစ်မှု ဆိုတဲ့ အခြေခံ မူ တွေ နဲ့ ရွေးချယ် ဆုပေး တာ ဖြစ်တယ် လို့ ပြည်သူ့ ဂုဏ်ရည် အသင်းရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုထိန်လင်း က ရှင်းပြ ပါတယ်။

အထူးဆု ၂ ဆု လည်း ပေးခဲ့တာ မှာ လည်း တန်ဖိုးသင့် ညစာ ဆိုပြီး ငွေကြေး မတောင့်တင်းသူ တွေ စျေးနှုန်း ချိုချိုသာသာ အဟာရ ပြည့်ပြည့် စားရ စေဖို့ ဆောင် ရွက် ခဲ့တဲ့ ဒေါက်တာ နန္ဒဝင်း နဲ့ အခမဲ့ တနိုင်တပိုင် စာကြည့် တိုက် ဖွင့်လှစ်ခဲ့တဲ့ ကိုဇော်ဇော် တို့ ကို ပေးခဲ့ ပါတယ်။

အခုလို ဆုရ စာရင်းကို ဇွန်လ ရ ၇ ၇က်နေ့ မှာ အမေရိကန် နယူးယောက် ပြည်နယ် ယူတီကာ မြို့ မှာ အခမ်းအနား ကျင်းပ ပြီး ကြေညာ ပေးခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့ ဂုဏ်ရည် ဆု ရှင် ကို ဒေါ်လာ တစ်သောင်း နဲ့ အထူးဆုရှင် တွေ ကို ဒေါ်လာ တစ်ထောင်စီ ချီးမြှင့် မှာ ဖြစ် ပါတယ်။

နိုင်ငံတကာရောက် မြန်မာ အသိုင်း အဝိုင်း က စုစုစည်းစည်း နဲ့ အခုလို ပြည်သူ့ ဂုဏ်ရည် ဆု ဆိုပြီး ရွေးချယ် ပေးအပ် လာတာ ၆ ကြိမ် ရှိပြီ ဖြစ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ