NCCT ညီလာခံ ပြီးဆုံး

  • 8 ဇွန် 2015
Image caption ကိုးကန့် တအာင်းပလောင် နဲ့ ရခိုင့် တပ်မတော် အဖွဲ့တွေလည်း အပစ် ရပ်ရေး လက်မှတ် ရေးထိုး ဖို့ NCCT အစည်း အဝေးမှာ တိုက်တွန်း

ကရင် အမျိုးသား အစည်းအရုံး တပ်မဟာ ၇ ဌာနချုပ် လောခီးလာမှာ ကျင်းပ နေတဲ့ NCCT အစည်း အဝေး နောက်ဆုံး နေ့မှာ အစိုးရနဲ့ ထပ်မံ တွေ့ဆုံ ဆွေးနွေး မှုတွေ လုပ်ဖို့ အတွက် ဆွေးနွေး ညှိနှိုင်းရေး အဖွဲ့ ကို ဖွဲ့စည်း တာဝန် ပေးလိုက် ပါတယ်။

တနိုင်ငံလုံး အပစ်ရပ်စဲရေး NCA မူကြမ်း ထဲက ပြင်ဆင် ဖို့ အချက် တွေကို အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ ဆွေးနွေးဖို့ အတွက် အခုလို ဆွေးနွေး ညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့စည်း လိုက်တာ ဖြစ်ပါတယ်။

ဒီအဖွဲ့ကို ကေအန်ယူ ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန် က ဦးဆောင်မှာ ဖြစ်ပြီး အဖွဲ့မှာ ၁၅ ဦး ပါဝင် ကြပါတယ်။ ဒီအဖွဲ့ဟာ အစိုးရ နဲ့ အမြန်ဆုံး သွားရောက် ဆွေးနွေး ကြမှာ လည်း ဖြစ်ပါတယ်။

အခု အစိုးရနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ကိုးကန့် တအာင်းပလောင် နဲ့ ရခိုင့် တပ်မတော် အဖွဲ့တွေ အနေနဲ့လည်း အပစ် ရပ်ရေး လက်မှတ် ရေးထိုး တဲ့အခါ ပါဝင်ဖို့ ကို NCCT အစည်း အဝေးမှာ တိုက်တွန်း ထားတဲ့ အတွက် ဒီအချက်ဟာ အစိုးရနဲ့ သွားဆွေးနွေးရင် အခက် အခဲ တခု ဖြစ်လာနိုင် ပါတယ်။

NCA စာချုပ်ကို လက်မှတ် ရေးထိုး တဲ့အခါ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် နဲ့ အာဆီယံ အဖွဲ့ အတွင်းရေးမှူးချုပ် အပါ အဝင် အမေရိကန် တရုတ် ထိုင်း နော်ဝေ အိန္ဒိယ ဗြိတိန် နဲ့ ဂျပန် နိုင်ငံတွေက အသိ သက်သေ အဖြစ် ပါဝင် ဖို့ NCCT အစည်း အဝေးက ဆုံးဖြတ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ